ပြည်တွင်းမှာရောင်းချနေတဲ့ရွှေအရောင်းဆိုင်တွေအနေနဲ့ ယခုလက်ရှိမှာ ရွှေဈေးအနည်းငယ် မြင့်တက်လာမှုကြောင့် ရွှေအရောင်းအ၀ယ်အေးနေတယ်လို့ ရန်ကုန်မြို့တွင်းရှိရွှေဆိုင်အချို့ရဲ့ ပြောကြားချက်မှသိရပါတယ်။ရန်ကုန်မြို့တွင်းမှာရောင်းချနေတဲ့ ရွှေအရောင်းဆိုင်တွေမှာ ရွှေဈေးမြင့်တက်လာမှုကြောင့် ရွှေတုံးများဝယ်ယူစုဆောင်း သူတွေနည်းလာတဲ့အတွက်ကြောင့် ယခုလက်ရှိမှာ ရွှေအရောင်းအ၀ယ်အေးနေတာဖြစ်ပြီး လက်ရှိလက်ဝတ်ရတနာများသာ ရောင်းချနေရတယ်လို့ သိရပါတယ်။

 ပြည်တွင်း ဒေါ်လာဈေးတက်နေတာကြောင့် ကမ္ဘာ့ရွှေဈေးဟာမတည်ငြိမ်ပဲ ရွှေဈေးတက်နေတာ ဖြစ်တယ်လို့ ရွှေအရောင်းတချို့မှသိရပါတယ်။ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့အပတ် မေလ (၃၀)ရက်နေ့က (၁)ဒေါ်လာကို ၁၂၇၀ကျပ်ရှိပြီး ပြည်တွင်းရွှေဈေးမှာ ရွှေ ၁ကျပ်သားကို ကျပ်၉သိန်း ၉ ထောင်ထိသာရှိပြီး ယခု ဇွန်လ(၆)ရက်နေ့မှာ ၁ဒေါ်လာကို (၁၂၈၂)ကျပ်ထိမြင့်တက်လာခဲ့ပြီး ပြည်တွင်းရွှေဈေးမှာ ရွှေ ၁ ကျပ်သားကိုကျပ် ၉သိန်း ၁သောင်း ၂ ထောင်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ယခုလက်ရှိမှာ ရွှေလာရောက်ဝယ်ယူသူတွေကို ရွှေထည်လက်ဝတ်ရတနာကို အခွန် (၁)ရာခိုင်နှုန်းနဲ့ ရွှေအတုံးအခဲကို ၅ ရာခိုင်နှုန်း အခွန်ကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News