ဒလတံတားစီမံကိန်းဆောင်ရွက်နေပေမယ့် ဒလအိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ် ပုံမှန်သာရှိပြီး ရင်းနှီးမြှုပ်နှံသူတွေကဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ရန်ကုန် ဒလတံတားစီမံကိန်း အကောင်အထည်ဖေါ်မယ့် အစောပိုင်းကာလတွေက  ဒလအိမ်ခြံမြေဈေးကွက် လှုပ်ခတ်မှုတွေရှိခဲ့ပြီး မြေကွက်တွေအရောင်းသွက်ခဲ့ကာ ၀ယ်ယူသူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လက်ရှိမှာတော့ ဒလတံတားစီမံကိန်း စတင်ဆောင်ရွက်ဖို့မြေသားစမ်းသပ်မူတွေဆောင်ရွက်နေပေမယ့် ဒလအိမ်ခြံမြေဈေးကွက်ဟာ လူပ်ခတ်လာခြင်း မရှိသေးပဲအရောင်းအ၀ယ်ပုံမှန်သာရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက အခုလိုပြောပါတယ်။

ဒလတံတားစီမံကိန်း စတင်ဆောင်ရွက်မှာဖြစ်တယ်လို့လွန်ခဲ့တဲ့(၂)နှစ်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲ့ဒီ့အချိန်က ရင်းနှီးမြုပ်နှံသူတွေက ဒလအိမ်ခြံမြေကိုအများဆုံးဝယ်ယူကြပြီး အခုလက်ရှိမှာလည်း ရင်းနှီးမြှုပ်နှံသူတွေက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတာကြောင့် ဒလအိမ်ခြံမြေဈေးကွက်ဟာ ထင်သလောက် အရောင်းအ၀ယ်ဖြစ်မလာဘူးလို့ သိရပါတယ်။ ဒါ့အပြင်တံတား စီမံကိန်းအကောင်အထည်ဖော်ပြီးပါက ဈေးဆက်တက်နိုင်တဲ့ အလားအလာတွေ ရှိနေတာကြောင့် ဈေးကွက်ကို ဆက်လက်စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ ဒလအိမ်ခြံမြေဈေးကွက်ရှိ မြေကွက်တွေဟာ ဈေးနှုန်းမြင့်တက်လာခြင်း မရှိပဲ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဒလအိမ်ခြံမြေဈေးကွက် ပြောင်းလဲမှု မရှိပေမယ့် လက်ရှိရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်အရောင်းအ၀ယ်နဲ့ အငှားတွေပြန် ဖြစ်နေပြီး အငှားအနေနဲ့ လမ်းမတော်၊ လသာစတဲ့ မြို့နယ်တွေမှာ အငှားလိုက်နေတယ်လို့ သိရပါတယ်။ မြေကွက်အရောင်းအ၀ယ် အနေနဲ့လှိုင်သာယာ၊ ရွှေပြည်သာစတဲ့ မြို့နယ်တွေမှာ မြေကွက်အရောင်းအ၀ယ်ပြန်ဖြစ်နေပြီး အဲ့ဒီ့မြို့နယ်တွေက သိန်း(၁၀၀၀)အောက် မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။ 

 

 

Related News