အိန္ဒိယနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်းဝင်ရောက်နေတာကြောင့် လူ(၂)သောင်းလောက်ကယ်ဆယ်ရေးစခန်းတွေ မှာခိုလှုံနေရပါတယ်။အိန္ဒိယနိုင်ငံ၊ အန်ဒရာပရေဒေ့ခ်ျ ပြည်နယ်ကမ်းရိုးတန်းကိုဖြတ်ပြီး မြို့တော်နယူးဒေလီကို ဒီဇင်ဘာလ(၁၈)ရက်က ဆိုင်ကလုန်း မုန်တိုင်း ဖီထိုင်းရွေ့လျားလာမှုကြောင့် မိုးကြီးတာ၊ သစ်ပင်တွေကျွတ်ထွက်တာနဲ့ ဓာတ်အားပြတ်တောက်မှုတွေဖြစ်နေပါတယ်။

ဖီထိုင်းကြောင့် နယူးဒေလီမြို့က မီးရထားနဲ့ လေကြောင်းခရီးစဉ်တွေနှောင့်နှေးခဲ့ပါတယ်။ ပြန်သုံးသပ်တဲ့အစည်းအဝေးတစ်ခု ကျင်းပနေစဉ်အတွင်းမှာ ဖီထိုင်းအခြေအနေတွေကို ပြည်နယ်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ကြီး ဂန်တာစရီနီဘာစာ ရေယိုက ပြည်နယ်ဝန်ကြီးချုပ် အန်န် ချန်ဒရာဘာဘူ နိုင်ဒူကိုပြောခဲ့ပါတယ်။

ပြည်နယ်အရှေ့ပိုင်းက ဂိုဒါဗာရီခရိုင်ဟာ မုန်တိုင်းဒဏ်အဆိုး ဆုံးခံခဲ့ရပြီး မြေပြိုမှုတွေရှိခဲ့သလို လူ(၂)သောင်းလောက်ကို ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေရပါတယ်။  ကြိုတင်ကာကွယ် ရေးအစီအစဉ်အနေနဲ့ ကမ်းရိုးတန်းစီရင်စုတွေက ကျောင်းတွေကိုပိတ်ထားခဲ့တယ်လို့သိရပါတယ်။ တချိန်တည်းမှာပဲ မုန်တိုင်း သတိပေးချက်တွေကို ကယ်ဆယ်ရေးအေဂျင်စီတွေကထုတ်ပြန်ခဲ့ပါတယ်။

 

 

Related News