ဂျပန်နိုင်ငံထဲကကျွန်းစုအများစုကို စက်တင်ဘာလ(၃၀)ရက်ကနေ အောက်တိုဘာလ(၁)ရက်အထိ အင်အားပြင်းတိုင်ဖွန်း မုန် တိုင်းထရာမီ ၀င်ရောက်ခဲ့တာကြောင့် ဂျပန်အလယ်ပိုင်းကလူသိန်းချီဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။ အင်အား ပြင်းမုန်တိုင်းက၀င်ရောက်ခဲ့တာကြောင့် “ရှီဇူအိုကာ”စီရင်စုက အိမ်ထောင်စု(၇)သိန်းလောက်လျှပ်စစ် ဓာတ်အားပြတ်တောက်ခဲ့တာပါ။ ဓာတ်အားပြတ်ခဲ့တဲ့အိမ်ထောင်စု(၄၀)ရာခိုင်နှုန်းကို ချုဘူဓာတ်အားပေးရေးကုမ္ပဏီက လျှပ်စစ်ဓာတ်အားပေးနေတာဖြစ် ပြီး ဓာတ်အားလိုင်းတွေပြန်ပြင်ဖို့နဲ့ လျှပ်စစ်ဓာတ်အားအပြည့်အ၀ပြန်ရဖို့ ရက်ပိုင်းလောက် အချိန်ယူရမယ်လို့ ကုမ္ပဏီဘက်ကပြော ထားပါတယ်။

ဓာတ်အားပြတ်တောက်ခဲ့အတွက် မီးပွိုင့်(၁၈၀၀)ကျော်ထိခိုက်ခဲ့ပြီး ယာဉ်ကြောထိန်းသိမ်းနိုင်ဖို့ အခက်အခဲတွေဖြစ် နေပါတယ်။ “ရှီဇူအိုကာ”စီရင်စု၊ “ဟာမာမတ်စု”မြို့ရဲ့ ငါးလက် ကားဈေးကွက်မှာ သဘောင်္နဲ့သယ်ပို့တာကို ရပ်ဆိုင်းထားပြီး ရေ ထွက်ကုန်ပစ္စည်းတွေကိုလတ်ဆတ်ဖို့  ရေခဲရိုက်ကန်ထဲမှာ ပိတ်ထားပါတယ်။ ရှီဇူအိုကာစီရင်စုက အိမ်ထောင်စုပေါင်း(၂)သိန်းနဲ့ “အာအီချီ”နဲ့ “မီအဲ”စီရင်စုက အိမ်ထောင်စု (၁၉၀၀၀၀)ကျော်မှာ ဒီနေ့စက်တင်ဘာလ(၂)ရက်အထိ ဓာတ်အားပြတ်တောက်နေပါတယ်။

 

 

Related News