အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းမှာ ဆူနာမီရေလှိုင်းကြီးတွေကြောင့် သေဆုံးသူ(၈၃၂)ဦးအထိ ရှိလာပြီး သေဆုံးသူဦးရေ ဆက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။စက်တင်ဘာလ(၂၈)ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား(၇.၅)မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီးနောက် “ဆူလာဝေစီ” ကျွန်းကိုဝင်ရောက်ခဲ့တဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် သေဆုံးသူ(၈၃၂)ဦးအထိရှိလာပါပြီ။ အခုဖြစ်ရပ်ကြောင့် “ပါလူ”မြို့မှာ အဆောက်အအုံထောင်ချီပျက်စီးခဲ့ပြီး အရေးပေါ်အခြေအနေမှာရှိနေပါတယ်။ သေဆုံးသူ(၈၃၂)ဦးရှိနေပြီး သေဆုံးဦးရေထပ်ပြီး မြင့်တက်နိုင်သေးတဲ့အပြင် အပျက်အစီးတွေအောက်မှာ အသက်ရှင် လျက်ပိတ်မိနေသူဒါဇင်ချီရှိနေသေး တယ်လို့ခန့်မှန်းထားကြပါတယ်။

နောက်ဆက်တွဲငလျင်တွေ လှုပ်နေတာကြောင့် ဟိုတယ်နဲ့ ဈေးဝယ်စင်တာတွေအောက်မှာ ပိတ်မိနေသူတွေကယ်ဆယ်ဖို့ ကယ်ဆယ်ရေးသမားတွေ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးကန့်သတ်ချက်ရှိနေပြီး ပြိုကျခဲ့တဲ့အပျက်အစီး တွေဖယ်ရှားရေးအတွက် စက်ပစ္စည်းမလုံ လောက်ဘူးလို့ အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးလျော့ပါးစေရေးရေးအေဂျင်စီ ပြော ခွင့်ရသူ“စူတိုပိုပါ ၀ိုနူဂရိုဟို”က ပြောပါတယ်။ သဘာဝေဘေးသင့်ခဲ့တဲ့ ပါလူမြို့ကို အင်ဒိုနီးရှားသမ္မတ “ဂျိုကိုဝီဒိုဒို”သွားကြည့်ခဲ့ပြီး နေ့ရော၊ ညပါ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 

 

Related News