ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ နောက်ထပ်မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီး မီးခိုးတွေဟာ မီတာ (၄၅၀၀)အမြင့်ထိ မှုတ်ထုတ်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ (၉)ရက်က စတင်လှုပ်ရှားခဲ့တဲ့ မီးတောင်ရဲ့ မီးခိုတွေ အမြင့်ဆုံးရောက်ရှိခဲ့တာပါ။
 
ကာဂိုရှီမာနဲ့ မီရာဇာဝါစီရင်စုက ရှင်မိုးမီးတောင်ဟာမတ်လ(၁၀) ရက် နံနက်(၂)နာရီမတိုင်ခင် ပေါက်ကွဲခဲ့တယ်လို့ မိုးလေ၀သဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မီးတောင်ကျောက်တွေဟာ မီးတောင် ထိပ်ဝကနေ (၁.၈) ကီလိုမီတာထိ ကျဆင်းနေပြီး မီးတောင်ချော်ရည်တွေဟာ အနောက်မြောက်ဘက် ဆီကို ကျဆင်းနေဆဲဖြစ်တယ်လို့လည်း မိုးလေ၀သဌာနရဲ့ အရာရှိတွေက ပြောပါတယ်။
 
မိုးလေ၀သ ဋ္ဌာနကမီးတောင်ပေါက်ကွဲမှုကို သတိပေးတဲ့အဆင့် (၃) သတ်မှတ်ထားပါတယ်။ သတိပေးတဲ့အဆင့် (၃) ထုတ်ပြန်ထားလို့ လူတွေကို မီးတောင်က ဝေးတဲ့နေရာတွေကို ရွှေပြောင်းနေသင့်တယ်လို့ မိုးလေ၀သဌာန သတိပေးထားပါတယ်။ 
 
 

Related News