ဖေဖော်ဝါရီလ(၂၆)ရက်က ပါပူဝါနယူးဂီနီနိုင်ငံမှာ ပြင်းအား(၇.၅)မဂ်္ဂနီကျူ့အဆင့်ရှိငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူ(၆၇)ဦးရှိလာပြီး လူသောင်းချီအိုးအိမ်မဲ့ဖြစ်နေတဲ့အပြင် ရေသန့်နဲ့ အစာအစားပြတ်တောက်မှုတွေနဲ့တွေ့ကြုံနေရတယ်လို့AFPသတင်းဌာနကသတင်း ဖော်ပြပါတယ်။ ပြင်းအားမြင့်နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နေတာကြောင့် လမ်းတွေပျက်နေပြီး မြေပြိုမှုတွေ ဖြစ်နေတဲ့အတွက် ငလျင်ဒဏ်အပြင်းထန်ဆုံးခံခဲ့ရတဲ့ဒေသတွေဆီ ကယ်ဆယ်ရေး သမားတွေ မသွားနိုင်ဖြစ်နေပါတယ်။ လူ(၁၄၃၀၀၀)ပတ်ဝန်းကျင်လောက် ငလျင်ဒဏ်ခံခဲ့ရပြီး လူ(၁၇၀၀၀) လောက်ကတော့ ဘေးလွတ်ရာရွှေ့ပြောင်းနေရတယ်လို့ ပါပူဝါနယူးဂီနီနိုင်ငံရဲ့ နိုင်ငံတကာ ကြက်ခြေနီနဲ့လခြမ်းနီအဖွဲ့အကြီးအကဲ အူဒါယာရက်ဂ်မီက ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ငလျင်ကြောင့် သေဆုံးသူ(၃၁)ဦးရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဘက်က အတည်ပြုထားပါတယ်။ငလျင်ဗဟိုချက်နဲ့ကီလိုမီတာ(၁၀၀)ပတ်ဝန်းကျင်မှာ နေထိုင်သူ (၆၇၀၀၀၀) ကျော်ရှိပြီး အဲဒီငလျင်ဟာ ပြီးခဲ့တဲ့ရာစုနှစ်(၁)ခုအတွင်း အင်အားအကြီးဆုံးဖြစ် တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား(၅)မဂ်္ဂနီကျူ့ထက် ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်တွေထပ်လှုပ်ခဲ့ပြီး ပြင်းအား(၆)မဂ်္ဂနီကျူ့အဆင့်နဲ့ မြေတိမ်တဲ့နေရာမှာ လှုပ်ခတ်သွားတဲ့ ငလျင်(၁)ခုလည်း ပါဝင်တယ်လို့ အမေရိကန်ဘူမိဗေဒဆိုင် ရာစာရင်းအင်းဌာနက ပြောပါတယ်။

 

 

 

Related News