ဥရောပတိုက်မှာ အရှေ့ဘက်ခြမ်းကလာတဲ့အအေးလှိုင်းဖြတ်နေတာကြောင့် သေဆုံးသူ လူ(၆၀)ကျော်လာပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ဥရောပတိုက်မှာ အအေးလှိုင်းဖြတ်နေတာကြောင့် အပူချိန်သုညဒီဂရီပတ်ဝန်းကျင်မှာရှိနေပြီး အအေးဒဏ်ကြောင့် ပိုလန်နိုင်ငံမှာ တင်သေဆုံးသူ(၂၃)ဦးရှိနေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ဥရောပတိုက်တစ်ခုလုံးမှာတော့ သေဆုံးသူလူ(၆၀)ကျော် နေပြီလို့ BBCသတင်းအေဂျင်စီကသတင်းဖော်ပြပါတယ်။

နှင်းတွေကြောင့် အိုင်ယာလန်နိုင်ငံမှာ သွားလာရေးအခက်အခဲတွေ့ နေပြီး လေကြောင်းခရီးစဉ်တွေရွှေ့ဆိုင်းထားရတဲ့အပြင် အိမ်ထောင်ချီမှာလည်း လျှပ်စစ်ပြတ်တောက်နေပါတယ်။ နိုင်ငံတော် တော်များများဟာ အအေးဒဏ်ကြောင့် နှင်းတွေနဲ့ရေခဲတွေဆက်တွေ့ရဖွယ်ရှိနေပါတယ်။ မုန်တိုင်းအမ်မာနဲ့အဲဒီအအေးလှိုင်းကြာ သပတေးနေ့ကတွေ့ခဲ့တာကြောင့် ဗြိတိန်နဲ့အိုင်ယာလန်နိုင်ငံတို့မှာ နှင်းမုန်တိုင်းတွေနဲ့လေပြင်းတွေတိုက်ခဲ့တယ်လိုAFPသတင်းဖော်ပြပါတယ်။

ပိုလန်နိုင်ငံမှာ အအေးဒဏ်ကြောင့်သေဆုံးသူအများစုဟာ အိမ်ယာမဲ့သူတွေနဲ့ အရက်အလွန်အကျွံသောက် သုံးသူတွေဖြစ်ပြီး အအေးဒဏ်ကြောင့် ဆလိုဗက်ကီးယားနိုင်ငံမှာ (၇)ဦး၊ ချက်နိုင်ငံမှာ(၆)ဦး၊ လစ်သူဝေးနီးယားနဲ့ပြင်သစ်နိုင်ငံ တို့မှာ (၅)ဦးစီနဲ့ စပိန်နိုင်ငံမှာတော့ အနည်းဆုံး(၄)ဦးသေဆုံးခဲ့တယ်လို့ AFPသတင်းဌာနကသတင်းဖော်ပြပါတယ်။ အီတလီ၊ ရို မေးနီးယား၊ ဆားဘီးယားနဲ့ ဆလိုဗေးနီးယားနိုင်ငံတို့မှာ လူ(၂)ဦးစီသေဆုံးခဲ့ပြီး နယ်သာလန်၊ ဆွီဒင်၊ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ မှာ အအေးဒဏ်ကြောင့် လူ(၁)ဦးစီသေဆုံးခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း အအေးဒဏ်သက်သာပြီး အပူချိန်ပြန်မြင့်တက် လာဖွယ်ရှိနေတယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

 

 

 

Related News