ထိုင်ဝမ်ကျွန်းမှာ ဖေဖော်ဝါရီလ(၇)ရက်မ နက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူ(၄)ဦး သေဆုံးပြီး လူ(၂၀ဝ)ကျော်ဒဏ်ရာရခဲ့တဲ့အပြင် နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ကယ်ဆယ်ရေးမှာ အခက်အခဲတွေ့နေရပါတယ်။ ဖေဖော်ဝါရီလ(၇)ရက်မနက်ပိုင်းမှာ ပြင်းအား(၆.၄)မဂ္ဂနီကျူ့အဆင့်ရှိမြေငလျင်တစ်ခု ထိုင်ဝမ်ကျွန်းရှေ့ဘက်ကမ်းခြေမှာလှုပ် ခတ်ခဲ့ပြီး အဲဒီငလျင်နဲ့နောက်ဆက်တွဲငလျင်တွေကြောင့် လူ(၄)ဦးသေဆုံးတဲ့အပြင် လူ(၂၀ဝ)ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
 
ငလျင် ကြောင့် ဟွာလီယန်းမြို့က အဆောက်အအုံတွေ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး လူနေအိမ်ခန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရှိနေတဲ့ ယွမ်မန်ခီဒီအဆောက်အအုံမှာ လူအယောက်(၁၄၀)ကျော်ပျောက်ဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ ငလျင် လှုပ်ပြီးနောက် ပျက်စီးနေတဲ့အိမ်တွေနားမှာမနေကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
 
အဆောက်အအုံတွေထဲမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ လူ(၅)ဦးကို ကယ်ဆယ်နိုင်ဖို့ ဖေဖော်ဝါရီလ(၇)ရက်မနက်ပိုင်းမှာ ကယ်ဆယ်ရေးသမား တွေက ကြိုးစားနေကြပြီး ထိခိုက်မှုအများဆုံးရှိခဲ့တာဟာ ဆေးရုံ(၁)ရုံဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုက သတင်းဖော်ပြ ပါတယ်။ စစ်သားတွေအပါအဝင်အရေးပေါ်အခြေအနေဆိုင်ရာလုပ်သားတွေဟာ တစ်ညလုံးအလုပ်ခဲ့ပြီး ပျက်စီးနေတဲ့အဆောက် အအုံတွေကနေ လူ(၁၅၀)ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ကယ်ဆယ်ရေးလုပ်ရာမှာ အခက်တွေ့နေတယ်လို့လည်း သိရပါတယ်။ ဟွာလီယန်းမြို့ဟာ ခရီးသွားလုပ်ငန်းမှာ အချက်အချာမြို့(၁)မြို့ဖြစ်ပြီး မြို့ခံလူဦး ရေ(၁) သိန်းကျော်ရှိတဲ့မြို့ဖြစ်ပါတယ်။ 
 
 
 
 

Related News