ပြီးခဲ့တဲ့နှစ်တွေမှာ အပူချိန်မြင့်တက်နေတဲ့ မော်စကိုမြို့မှာ ဖေဖော်ဝါရီလ(၃)ရက်က နှင်းကျဆင်းမှုစံချိန်ချိုးခဲ့ပြီး အခက်အခဲတွေတွေ့နေရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ 
ဖေဖော်ဝါရီလ(၃)ရက်က ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ နှင်းတွေအလွန်အကျွံကျဆင်းခဲ့ပြီး နှင်းတွေကြောင့် သစ်ပင်(၂၀၀၀) ကျော်ပျက်စီးခဲ့တဲ့အပြင် လေကြောင်းသွားလာရေးမှာလည်း အခက်အခဲတွေ့ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေကပြောပါတယ်။

ဖေဖော်ဝါရီလ(၃)ရက်က ကျဆင်းခဲ့တဲ့နှင်းတွေဟာ (၁၅)လက်မလောက်ရှိခဲ့ပြီး တစ်လပျမ်းမျှနှင်းကျတာရဲ့တစ်ဝက်လောက်ရှိ နေတဲ့အပြင် (၁၉၅၇)ခုနှစ်မှာတင်ထားတဲ့ နှင်းအများဆုံးကျဆင်းတဲ့စံချိန်ကို ချိုးသွားခဲ့တယ်လို့ သိရပါတယ်။ သစ်ပင်တွေလဲကျခဲ့ တာနဲ့ ဓာတ်တိုင်တွေပြိုကျခဲ့တာကြောင့် လူ(၁)ဦးသေဆုံးပြီး နောက်ထပ်(၅)ဦးဒဏ်ရာရခဲ့တယ်လို့ ရုရှားရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ ဇန်န၀ါရီလ(၄)ရက်ညပိုင်းမှာ နှင်းကျတာနည်းသွားနိုင်ပေမဲ့ အပူချိန်ဆက်ကျနေဦးမှာဖြစ်တယ်လို့ ရှရှားမိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

နှင်းတွေကျနေတာကြောင့် ရုရှားနိုင်ငံရဲ့ အဓိကလေဆိပ်မှာ လေယာဉ်ခရီးစဉ်ဒါဇင်ချီဖျက် သိမ်းထားပါတယ်။ နှင်းတွေကျနေတာ ကြောင့် အခက်အခဲတွေဖြစ်နေပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ နှင်းတွေအရည်ပျော်နေတဲ့ ရုရှား နိုင်ငံမှာ ဆောင်းရာသီပြန်ရောက်လာပြီလို့ လူအများစုက လူမှုကွန်ယက်စာမျက်နှာတွေမှာပြောနေကြပြီး နှင်းတွေနဲ့ပတ်သက်တဲ့ ပုံတွေတင်နေကြပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ ဒီဇင်ဘာလမှာလည်း တစ်လအတွင်းနေရောင်ခြည်ရရှိမှုအနည်းဆုံးရှိခဲ့တယ် ဆိုပြီး မော်စကိုမြို့ဟာ စံချိန်ချိုးနိုင်ခဲ့ပါတယ်။

 

 

 

Related News