ဂျပန်နိုင်ငံအနောက်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာ နှင်းကျဆင်းမှုမြင့်တက်နေပြီး အအေးဒဏ်ကြောင့် သေဆုံးသူ(၁)ဦးရှိခဲ့တဲ့အပြင် လူ(၁၀)ဦးဒဏ်ရာရပြီး ပို့ဆောင်ရေးအခက်အခဲ တွေတွေ့နေတယ်လို့ ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ဂျပန်နိုင်ငံ၊ အနောက်နဲ့မြောက်ဘက်ဒေသတွေမှာ နှင်းတွေဆက်တိုက်ကျဆင်းနေပါတယ်။ တောင်ထူထပ်တဲ့နေရာတွေမှာ ဇန်န၀ါရီလ(၁၂)ရက်က နှင်းထုက(၃၀)ကနေ(၅၀)စင်တီမီတာ ထိရှိခဲ့တယ်လို့  ဂျပန်မိုးလေ၀သအေဂျင်စီက ပြောပါတယ်။ ဂျပန်ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ နီအီဂါတာမြို့မှာ  (၂၀၁၈)ခုနှစ်အတွင်း  နှင်းကျတာ(၈)ကြိမ်ရှိပါပြီ။

နှင်းတွေကျနေတာကြောင့် ဇန်န၀ါရီလ(၁၃) ရက်မှာစတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲတွေကို နေရာ(၇)နေရာမှာ  အချိန်တစ်နာရီနောက်ကျပြီး စတင်ကျင်းပခဲ့ပါတယ်။ ဂျပန်ပင်လယ်ပြင်မှာ နှင်းတွေထပ်ကျ လာဖွယ်ရှိတယ်လို့ ဂျပန်မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ နှင်းတွေကြောင့် ပို့ဆောင်ရေးအခက်အခဲတွေဖြစ်နေပြီး မတော်တဆမှုတွေမဖြစ်စေဖို့ ဂျပန်အာဏာပိုင်တွေက သတိ ပေးချက်တွေ ထုတ်ပြန်နေပါတယ်။ နှင်းတွေရှင်းလင်းနေတာကြောင့် လူ(၁၀)ဦးဒဏ်ရာရခဲ့ပြီး အသက်(၉၁)နှစ်အရွယ်အမျိုးသမီး ကြီး(၁)ဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။

နှင်းတွေကျနေတာကြောင့် ခရီး သည်(၄၃၀)ဦး တင်ဆောင်လာတဲ့ ရထား(၁)စီး (၁၅)နာရီလောက် မရွေ့လျားနိုင်ဖြစ်နေပါတယ်။ ရထားအာဏာပိုင်တွေက ခရီး သည်တွေအအေးဒဏ်မခံရဖို့  ရထားကိုအပူငွေ့ပေးထားတယ်လို့လည်း NHKသတင်းမှာပါဝင်ပါတယ်။ သောကြာနေ့မနက် ပိုင်းမှာ အဲဒီရထားပေါ်က ခရီးသည်တွေကို ကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဂျပန်ကယ်ဆယ်ရေးအာဏာပိုင်တွေက ပြောပါတယ်။ 

 

 

 

Related News