ကယ်လီဖိုးနီးယားပြည် နယ်မှာဇန်န၀ါရီလ(၉)ရက်ကဖြစ်ပွားခဲ့တဲ့မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေမြင့်တက်လာပြီး ပျောက်ဆုံးသူတွေလည်းရှိနေသေးတယ်လို့ ပြည်နယ်အာဏာပိုင် တွေက ပြောပါတယ်။အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့မြေပြိုမှုတွေကြောင့် သေဆုံးသူ(၁၇)ဦးအထိမြင့်တက်လာပြီး လူ(၁) ဒါဇင်ကျော်ပျောက်ဆုံးနေသေးတယ်တဲ့အပြင် ကယ်ဆယ်ရေးသမားရာချီဟာ အပျက်အစီးတွေကိုရှင်းလင်းနေကြပါတယ်။ ရေ လွှမ်းမိုးကြုံတွေ့ရပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ဆန်တာ ဘာဘရာခရိုင်မှာ ထိခိုက်ဒဏ်ရာရသူ(၂၈)ဦးရှိတယ်လို့ ခရိုင်မီးသတ် ဌာနကပြောပါတယ်။ မြေပြိုမှုတွေကြောင့် အိမ်ခြေ(၁၀၀)လောက်ပြိုကျခဲ့ပြီး အိမ်ခြေ(၃၀၀)လောက်မှာ အပျက်အစီးတွေရှိခဲ့ တယ်လို့ သိရပါတယ်။
 
ပျောက်ဆုံးနေသူ(၁၃)ဦးရှိနေပြီး ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းမှာ သေဆုံးသူ(၂)ဦးထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူဦးရေမြင့်တက်လာတာဖြစ်လို့ ဆန်တာ ဘာဘရာခရိုင်ရဲတပ်ဖွဲ့မှူး ဘေလ် ဘရောင်းကပြောပါတယ်။ လူ(၅၀)ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပေးထားနိုင်ပေမဲ့ နေရာအများစုကို ကယ်ဆယ်ရေးသွားလုပ်ရာမှာ အခက်အခဲတွေ့နေဆဲပါ။ အဝေးပြေးလမ်းမကြီးတွေကိုလည်း ပိတ်ထားရပြီး အမှတ်(၁၀၁)အဝေးပြေး လမ်းမကြီးကိုတော့ ဇန်န၀ါရီလ(၁၅)ရက်မှပြန်ဖွင့် မယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက်တွေ့ရဖို့ မျှော်လင့်တယ်လို့ ကယ်လီဖိုးနီးယားမီးသတ်ဌာနရဲ့ပြောခွင့်ရှိသူ ခရစ်စ် အယ်လ်မ် ကပြောပါတယ်။ 
 
 
 

Related News