အပူပိုင်းမုန်တိုင်းနိတ်ဟာ အမေရိကတိုက်အလယ်ပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် သေဆုံးသူ(၂၂) ဦးရှိနေတဲ့အပြင် လူအယောက်(၂၀)လောက် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။အပူပိုင်းမုန်တိုင်းနိတ်ဟာ အမေရိကတိုက်အလယ်ပိုင်းက ကော်စတာရီကာ၊ နီကာရာဂွာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတွေကို ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် သေဆုံးသူ(၂၂)ဦးရှိနေပြီဖြစ်တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်း တိုက်ခတ်ပြီးနောက် ပျောက်ဆုံးသူ(၂၂)ဦးအထိ ရှိနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။မုန်တိုင်းသင့် အမေရိကတိုက်အလယ်ပိုင်း နိုင်ငံတွေကို အရေးပေါ်ဒေသအဖြစ် သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ကြေညာထားပါတယ်။မုန်တိုင်း နောက်ဆက်တွဲအနေနဲ့ မိုးကြီးတာ၊မြေပြိုတာတွေနဲ့ ရေကြီးတာတွေလည်းဖြစ်ပွားနေပြီး လမ်းပိတ်ဆို့တာတွေ၊ တံတားတွေ ပျက်စီးတာတွေနဲ့ အိမ်ပြိုတာတွေလည်းဖြစ်နေပါတယ်။

မုန်တိုင်းကြောင့် ကော်စတာရီကာနိုင်ငံက လူပေါင်း(၄)သိန်းနီးပါးဟာ သောက်ရေပြတ်တောက်နေပြီး လူထောင်ချီဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။အောက်တိုဘာလ(၅)ရက်မှာ ကော်စတာရီကာနိုင်ငံမှာ ရထားခရီးစဉ်အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး လေကြောင်းခရီးစဉ်ဒါဇင်ချီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဒေသစံတော်ချိန် အောက်တိုဘာလ(၅)ရက်ညသန်းခေါင်လောက်မှာ အပူပိုင်းမုန်တိုင်းနိတ်ဟာ ဟွန်ဒူးရပ်စ်နိုင်ငံရဲ့အရှေ့ဘက် ကမ်းခြေဒေသကနေ ထွက်ခွာသွားမှာဖြစ်ပြီး မြောက်ဘက်ကို ဦးတည်နေတယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းဌာနက ပြောပါတယ်။ မိုးလေ၀သခန့်မှန်းသူတွေက မုန်တိုင်းဟာ ပိုအားကောင်းလာဖွယ်ရှိပြီး အမေရိကန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း ဒေသကို ဟာရီကိန်း မုန်တိုင်းအဆင့်သတ်မှတ်ချက်အဆင့်(၁)အဖြစ်နဲ့ အခုသီတင်းပတ်ကုန်လောက်မှာ ၀င်ရောက်တိုက်ခိုက် နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

 

 

Related News