ပရီးမီးယားလိဂ်ကလပ်ချယ်ဆီးအသင်းဟာ အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ဒီယေဂိုကော်စတာရဲ့အသင်းဟောင်းဖြစ်တဲ့ လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းထံ ပြန်လည်ရောင်းချဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ နည်းပြကွန်တီ အနာဂတ်အစီအစဉ်မှာမပါဝင်တော့တဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို အက်သလက်တီကိုမက်ဒရစ် အသင်းထံပြန်လည်ရောင်းချနိုင်တော့မှာဖြစ်ပြီး ဒီယေဂိုကော်စတာနဲ့ပတ်သက်တဲ့ ပြဿနာတွေအဆုံးသတ်တော့မှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဒီယေဂိုကော်စတာကိုရောင်းချရမှုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၆၀)နီးပါးရရှိမှာ ဖြစ်တယ်လို့ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီယေဂို ကော်စတာဟာ ချယ်ဆီးအသင်းကို ယခင်နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကစွမ်း ဆောင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် စည်းကမ်းပိုင်းလိုက်နာမှုမရှိတာ ကြောင့်နည်းပြကွန်တီနဲ့အဆင်မပြေ ဖြစ်ပါတယ်။
 
အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှုးဒီယေဂိုကော်စတာဟာ ချယ်ဆီးအသင်းကို (၂၀၁၄)ခုနှစ် ဂျူလိုင်လအတွင်းက ပြောင်းရွှေ့ကြေးပေါင်(၃၂)သန်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းမှ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ပင်တဲ့ပြစ်ဒဏ်ကြောင့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှ ကစားသမား ခေါ်ယူခွင့်ရမှာဖြစ်ပေမယ့် ချယ်ဆီးအသင်းမှထွက်ခွာဖို့သေချာနေတဲ့ ကစားသမား ဟောင်း ကော်စတာကို ကြိုတင်သဘောတူညီမှုနဲ့ခေါ်ယူခဲ့ပါတယ်။ ဒါ့ကြောင့် ဒီယေဂိုကော်စတာဟာ ဇန်န၀ါရီလအထိ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ပါဝင်ကစားခွင့်ရမှာမဟုတ်ပဲ လေ့ကျင့်ခန်းဆင်းခွင့်သာရရှိမှာ ဖြစ်ပါတယ်။
 
 
 
 

Related News