ဟာရီကိန်းမုန်တိုင်း အာမာဟာ ဖလော်ရီဒါပြည်နယ်ကို အင်အားပြင်းပြင်းနဲ့ ၀င်ရောက် တိုက်ခတ်ခဲ့လို့ ပြည်နယ်လူဦးရေ(၃)ပုံ၊ (၂)ပုံလောက်ဟာ  မုန်တိုင်းအလွန်ကာလ လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ဒဏ်ခံနေရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းအလွန် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး လျှပ်စစ်အင်ဂျင်နီယာတွေက စွမ်းအင်ပြန်ရရှိအောင် လုပ်ဆောင်နေကြပေမဲ့ နေရာအများစုကတော့ လျှပ်စစ်ပြတ်တောက်ပြီး ရေ၀ပ်နေတုန်းဖြစ်ပါတယ်။ ဖလော်ရီဒါကီးကျွန်းစုနဲ့ ပြည်နယ်အနောက်ပိုင်းဒေသတို့ဟာ စက်တင်ဘာလ(၁၀)ရက်ညနေပိုင်းမှာ ဟာရီကိန်းမုန်တိုင်းအာမာ ဒဏ်ခံရပြီးနောက် မုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းအဖြစ်အားပျော့သွား ပြီဖြစ်ပါတယ်။
 
မုန်တိုင်းဟာ ဒေသစံတော်ချိန်စက်တင်ဘာလ(၁၂)ရက် အစောပိုင်းမှာ အပူပိုင်း မုန်တိုင်းအဆင့်ကို လျော့ကျသွားနိုင်တယ်လို့ အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက ပြောပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် သေဆုံးသူ(၄)ဦးရှိခဲ့ပြီး ဟာရီကိန်းမုန်တိုင်းအာမာ ဖလော်ရီဒါပြည်နယ်ကို မ၀င်ရောက်ခင်  ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းတုန်းကတော့  ကာရေဘီယံ ဒေသမှာ တိုက်ခတ်ခဲ့လို့ အဲဒီဒေသမှာ သေဆုံးသူအနည်းဆုံး(၃၇)ဦး ရှိခဲ့ပါတယ်။ မုန်တိုင်း နောက်ဆက်တွဲ အနေနဲ့ အမေရိကန်နိုင်ငံအရှေ့တောင်ပိုင်းကပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက ခန့်မှန်းပြောဆိုထားပါတယ်။ အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့်ဟာ မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ဖလော်ရီဒါပြည်နယ်ကို အကူအညီပေးဖို့ ပြည်ထောင်စု အစိုးရရန်ပုံငွေ အတည်ပြုထားသလို သူကိုယ်တိုင်လည်း ဖလော်ရီဒါကို သွားမယ်လို့ပြောထား ပါတယ်။
 
 

Related News