စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားတွေဖြစ်ကြပေမယ့် လက်ရွေးစင်အ သင်းအပေါ်အကျိုးပြုမှု မှာတော့ မတူညီတဲ့အခြေအနေတွေရှိနေခဲ့ကြပါတယ်။UEFA Nations League ပြိုင်ပွဲမှာ ပူပူနွေးနွေးချန်ပီယံဆုကိုရရှိထားခဲ့တဲ့ပေါ်တူဂီအသင်းဟာ အသင်း ခေါင်းဆောင် စီရော်နယ်ဒို ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆုဖလားတစ်လုံးကိုထပ်မံရယူနိုင်ခဲ့ပြန်ပါတယ်။ စီရော်နယ်ဒို ဟာ ယခုဆုဖလားတစ်လုံးကို ထပ်မံရရှိခဲ့ မှုကြောင့် (၂၀၁၉) ခုနှစ်အတွင်းမှာ စီးရီးအေ၊ အီတလီစူပါဖလားနဲ့ UEFA Nations League ချန်ပီယံဆုတွေကိုရယူ နိုင်ခဲ့ပါတယ်။ အင်္ဂလန်အခြေစိုက် Daily Mail အားကစားသ တင်းစာအနေနဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့  နိုင်ငံလက်ရွေးစင် အသင်းအပေါ် အကျိုးပြုမှုတွေကိုကောက်နုတ်ဖော် ပြခဲ့ရာမှာ စီရော်နယ်ဒိုဟာ (၂၀၀၄) ခုနှစ်က ပေါ်တူဂီလက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့ပြီး၊ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ (၃) ကြိမ်မှာ ချန်ပီယံဆုကို (၂) ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒို အနေနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာမပါဝင်မီက ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲကိုတစ်ကြိမ်တစ်ခါမှတက်ရောက် နိုင်ခြင်းမရှိခဲ့ပဲ၊ စီရော်နယ်ဒိုပါဝင်မှ ဗိုလ်လုပွဲတက်ရောက်ထားခဲ့တဲ့ (၃) ကြိမ်မှာ (၂) ကြိမ်ကချန်ပီယံဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာ တော့မက်ဆီပါဝင်တဲ့အာဂျင်တီးနားအသင်းဟာ မက်ဆီမပါဝင်ခင်က ကမ္ဘာ့ ဖလား (၂) ကြိမ်၊ ကိုပါအမေရိကဖလား (၁၄) ကြိမ်နဲ့ တိုက်ကြီးများဖလား (၁) ကြိမ်တို့ကိုရရှိခဲ့ပေမယ့်လည်း မက်ဆီပါ ၀င်ခဲ့ပြီးနောက်မှာတော့ ဆုဖလားတွေနဲ့ လွဲချော်နေရ ပါတယ်။ အာဂျင်တီးနားအသင်းဟာ မက်ဆီပါဝင်ခဲ့ပြီး နောက်မှာ ကိုပါအမေရိကဗိုလ်လုပွဲကို (၃) ကြိမ်နဲ့ ကမ္ဘာ့ ဖလားဗိုလ်လု ပွဲကို (၁) ကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံဆုကိုရယူနိုင်ခြင်းမရှိခဲ့ပဲ၊ ဒုတိယဆုတွေနဲ့သာကျေနပ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ (၈) ရက်နေ့က အာဂျင်တီးနားအသင်းဟာ ခြေစမ်းပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ နီကာ ရာဂွါအသင်းနဲ့ပွဲစဉ်မှာ (၅) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး၊ ဆုဖလားတစ်လုံးရရှိခဲ့မှုကြောင့် မက်ဆီအနေနဲ့ လက်ရွေး စင်ကစားသမားဘ၀ရဲ့ ပထမဦးဆုံးဆု ဖလားတစ်လုံးကိုရယူနိုင်ခဲ့တယ်လို့လည်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

 

 

 

Related News