ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်ကို ပြောင်းရွှေ့ကြေးပေါင်(၁၁၅) သန်းနဲ့ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့သိရပါတယ်။ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်ကိုခေါ်ယူဖို့အတွက် ကာလ ရှည်ကြာပစ်မှတ်ထားနေခဲ့ပြီး၊ လက်ရှိ အချိန်မှသာ အသင်းကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမားဟာဇက်အတွက် ပြောင်းရွှေ့ ကြေးပေါင်သန်း (၁၃၀) သတ်မှတ် ထားခဲ့ပေမယ့်လည်း ဆွေးနွေးညှိနှိုင်းမှုတွေအရ ပေါင် (၁၁၅) သန်းနဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေအသင်းပြောင်းရွှေ့ တော့မယ်လို့ဖွင့်ဟခဲ့ချိန်မှာ ရီးရဲယ်လ်မက်ဒရစ်အသင်းအနေနဲ့ကလည်း ဟာဇက်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ ကြေးများစွာအသုံးပြုဖို့ အဆင်သင့်အနေထားမှာရှိခဲ့ပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ဟာဇက်ကိုခေါ်ယူဖို့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ ကြေးတစ်ရပ်ကိုအသုံးပြုရမှာ ဖြစ်သလို၊ လစာပေးချေမှုအပိုင်းမှာလည်း တစ်ပတ်လုပ်ခပေါင်(၄) သိန်းအထိ ပေးချေရမှာဖြစ်ပါတယ်။

ရီးရဲယ် လ်မက်ဒရစ်အသင်းမှာ ဟာဇက်ဟာ တစ်ပတ်လုပ်ခပေါင် (၄) သိန်းအထိရရှိမှာဖြစ်တာကြောင့် အသင်းရဲ့ လစာ အမြင့်ဆုံးကစားသမား ဖြစ်လာဖို့ရှိနေသလို၊ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ လစာအမြင့်ဆုံးကစားသမားအဖြစ်ကတော့ တောင်ပံကစားသမား ဂါရတ်ဘေးလ်က တစ်ပတ် လုပ်ခပေါင် (၃) သိန်းခွဲရရှိနေခဲ့ပါတယ်။ ဟာဇက်ဟာ (၂၀၁၂-၁၃) ဘောလုံးရာသီက ပြင်သစ်ကလပ်လိုင်လီ အသင်းကနေ ပြောင်းရွှေ့လာ ခဲ့သူဖြစ်ပြီး၊ အသင်းအ တွက် (၇) ရာသီအတွင်း ပွဲစဉ်ပေါင်း (၃၅၁) ပွဲပါဝင်ကစားထားရာမှာ သွင်းဂိုးပေါင်း (၁၀၈) ဂိုးအထိသွင်းယူထား နိုင်ခဲ့ပါ တယ်။ ဟာဇက်မတိုင်မီကလည်း ချယ်လ်ဆီးအသင်းနည်းပြဆာရီအနေနဲ့ လာမယ့်ရာသီဂျူဗင်တပ်စ်အ သင်းရဲ့ နည်းပြရာထူးအတွက် အသင်းပြောင်းရွှေ့ ဖို့သဘောတူညီမှုရရှိထားခဲ့တာကြောင့် အသင်းရဲ့ ပဲ့ကိုင်ရှင် (၂) ဦးကိုလက်လွှတ်ရတော့မယ့် ချယ်လ်ဆီးအသင်းအတွက် နည်းပြနဲ့ ကစားသမားသစ်တွေကိုခေါ်ယူရဦးမှာ ဖြစ်ပါတယ်။ဟာဇက်ဟာ မနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ် လုပွဲစဉ်အပြီးမှာ ရီးရဲယ်လ်မက်ဒရစ် အသင်းကိုပြောင်းရွှေ့ဖို့အတွက် အပြီးသတ်လုပ်ဆောင်သွားဖွယ်ရှိနေခဲ့ပါတယ်။

 

 

Related News