အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီ၊ ဒုတိယအကျော့ထိပ်ပိုင်းအသင်းများနဲ့ယှဉ်ပြိုင်ကစားခဲ့ တဲ့အိမ်ကွင်းပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝကြုံတွေ့ထားခြင်းမရှိခဲ့ပဲ ရမှတ်များစွာစုဆောင်းထားနိုင်ခဲ့ပါတယ်။ဧပြီလ (၂၁) ရက်၊ မနေ့ညက ဂွတ်ဒီဆင်ပါခ့်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်အဲဗာတန်အသင်းက (၄) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အ တွက်ဖိအားအများအပြားရှိနေခဲ့ပေမယ့် အဲ့ဗာတန်အသင်းကတော့ အမှတ်ပေးဇယားရဲ့အဆင့် (၇) နေရာမှာ ဖလားမျှော်လင့်ချက်ရော၊ တန်းဆင်းဇုန်အတွက်ပါစိုးရိမ်စရာမရှိခဲ့ပဲ ဖိအားကင်းကင်းနဲ့ကစားနိုင်ခဲ့ကာ ယခုလို ဂိုးပြတ်အနေအထားမျိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်ခင်ကလည်း အဲဗာတန်အသင်းဟာ အိမ်ကွင်းမှာ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ အာဆင်နယ် အစရှိတဲ့အသင်းကြီးများနဲ့တောက်လျှောက် ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတစ် သင်းတည်းကိုသာအရေးနိမ့်ထားခဲ့ပြီး ချယ်လ်ဆီးနဲ့ အာဆင်နယ်ကိုအနိုင်ရရှိကာ မြို့ခံပြိုင် ဘက်လီဗာပူးလ်အသင်းကို သရေကစားထားနိုင်ခဲ့တာပါ။ ချီးကျူးရမယ့်အချက်ကတော့ အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ မန်ယူ အသင်းနဲ့ ပွဲအပါအဝင် အသင်းကြီးများနဲ့တွေ့ဆုံခဲ့တဲ့အိမ်ကွင်း (၄) ပွဲဆက်တိုက်ပေးဂိုးမရှိအနေအထား နဲ့ရမှတ်တွေရယူထားနိုင်ခဲ့တာဖြစ်ပါ တယ်။ အထူးသဖြင့်အင်္ဂလန်လက်ရွေးစင်အသင်းရဲ့အဓိက ဂိုးသမားဖြစ်တဲ့ ပစ်ဖိုဒ့်ရဲ့လက်စွမ်းကိုအသိအမှတ်ပြုရမှာဖြစ်ပြီး ဆာလတ်၊ ဟာဇတ်၊ အူဘာမီးယန်းတို့ရဲ့ဂိုးကန်သွင်းမှုတွေကို အကောင်းဆုံးလက်စွမ်းနဲ့ ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဂျာဂျီရယ်လ်ကာ ပြန်လည်ပါဝင်လာခဲ့တဲ့နောက်တန်းဟာလည်းပိုမိုတည်ငြိမ်လာခဲ့ပြီးတော့ အရေးပါတဲ့ဖြတ်ထုတ်မှုတွေအများ အပြားပြုလုပ်နိုင် ခဲ့တာပါ။ အဆိုပါထိပ်သီး (၄) သင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲ (၃) ပွဲနဲ့ သရေတစ်ပွဲရရှိ အောင်စွမ်းဆောင်ထားနိုင်ခဲ့မှုက ရမှတ် (၁၂) မှတ်မှာ ရမှတ် (၁၀) မှတ်အထိစုဆောင်းထားနိုင်ခဲ့ကာ အသင်း ကြီးတွေနဲ့ ယခုနှစ်ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထံမှရမှတ် အများဆုံးစုဆောင်း နိုင်ခဲ့တဲ့ အသင်းအဖြစ်မှတ် တမ်းဝင်နိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ ပွဲကျပ်တစ်ပွဲအဖြစ် ပရီးယားလိဂ်နောက် ဆုံးပွဲစဉ်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့စပါးအသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ် ပြိုင်ရမှာဖြစ်ပါတယ်။

 

 

Related News