ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ (၁) ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ်တိုင်းမှာ ပေးဂိုးခွင့်ပြုပေးနေရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) အဖြစ် နယူးကာဆယ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ နယူးကာဆယ်အသင်းဟာ နောက်ခံလူဂျာဂျီရယ်ကာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အဝေးကွင်းပွဲစဉ်တွေဆိုရင် ရလဒ်မကောင်း တတ်တဲ့ အာဆင်နယ်အသင်းဟာ နယူးကာဆယ်အ သင်းနဲ့ပွဲစဉ်မှာလည်း တိုက်စစ်ကသွင်းဂိုးသွင်းယူနိုင်ခြင်းမရှိသလို၊ ခံစစ်ပိုင်းကလည်း ပေးဂိုးတစ်ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းပွဲစဉ် (၁၅) ပွဲအထိယှဉ်ပြိုင်ထား ခဲ့ရာမှာ ပွဲစဉ်တိုင်းပေးဂိုးခွင့်ပြုနေရသလို၊ နိုင်ပွဲရရှိထားခဲ့မှုမှာလည်း အဝေးကွင်းနိုင်ပွဲ (၅) ပွဲသာရရှိထားခဲ့ပါ တယ်။ အာဆင်နယ်အသင်းအနေနဲ့ အဝေးကွင်းပွဲစဉ် (၁၅) ပွဲမှာ (၅) ပွဲနိုင်၊ (၄) ပွဲသရေနဲ့ (၆) ပွဲအထိရှုံးနိမ့် ထားခဲ့ပြီး၊ တိုက်စစ်ပိုင်းက ရဂိုး (၂၆) ဂိုးနဲ့ ခံစစ်ပိုင်းကတော့ ပေးဂိုး (၂၈)ဂိုးခွင့်ပြုပေးထားခဲ့ရပါတယ်။ နည်းပြ ဟောင်းအာစင်ဝင်းဂါးလက်ထက်ကတည်းက အိမ်ကွင်းစွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပြီး၊ အဝေးကွင်း စွမ်းဆောင်ရည်ဆိုးရွားခဲ့မှုတွေဟာ လက်ရှိနည်းပြသစ်အူနိုင်းအမ်မရီလက်ထက်မှာလည်း ပြီးခဲ့တဲ့ရာသီကနည်းတူ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းသလောက် အဝေးကွင်းစွမ်းဆောင်ရည်ကျဆင်းတက်တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကိုရှုံးနိမ့်ခဲ့မှုကြောင့် အဆင့် (၃) နေရာကနေ အဆင့် (၄) နေရာကိုဆင်းပေးခဲ့ရပြီး၊ လက်ကျန်ပွဲစဉ် (၆) ပွဲမှာလည်း အဝေးကွင်းပွဲစဉ် (၄) ပွဲအထိပါဝင်နေခဲ့ တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် လာမယ့်အဝေးကွင်းပွဲစဉ်တွေမှာ ရမှတ်ပြည့်စုဆောင်းရတော့မှာ ဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) မှာလည်း အဝေးကွင်းပွဲစဉ်အဖြစ် ကစားရခက်ခဲတဲ့ဝက်ဖို့ဒ်အသင်းကို အဝေးကွင်း မှာ ယှဉ်ပြိုင်ရမှာဖြစ်သလို၊ လက်ကျန်ပွဲစဉ် (၁)ပွဲဟာလည်း ၀ုဗ်ဗာဟန်တန်အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

 

 

Related News