ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ရလဒ်ပိုင်းဆိုးရွားနေမှုတွေကြောင့် နည်းပြဟောင်းဆိုလာရီကိုထုတ်ပယ်ခဲ့ပြီး၊ ချန်ပီယံလိဂ် ဆုဖလား (၃)နှစ်ဆက်ရယူပေးနိုင်ခဲ့တဲ့ဇီဒန်းကို နည်းပြအဖြစ်ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခဲ့ရသလို၊ ပြည်တွင်းပြိုင်ပွဲတွေ ဖြစ်တဲ့ စပိန်ဘုရင့် ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။ စပိန်လာလီဂါအမှတ်ပေး ပြိုင်ပွဲမှာ အဆင့် (၁) နေရာက ဘာစီလိုနာအသင်းနဲ့ရမှတ်များစွာကွာဟသွားခဲ့တာကြောင့် ယခုနှစ်ရာသီမှာ ဖလားလက်မဲ့ရာသီတစ်ခုနဲ့ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ နည်းပြဆို လာရီကိုရာထူးကနေထုတ်ပယ်ခဲ့ပြီး၊ ရလဒ်ကောင်းတွေရယူပေးခဲ့တဲ့ နည်းပြဟောင်းဇီဒန်းကို (၂၀၂၂) ခုနှစ်အ ထိ အသင်းရဲ့ နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဇီဒန်းဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းကနေထွက်ခွာခဲ့ပြီး၊ (၁၀) လအကြာမှာအသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပြီး၊ မန်ယူအသင်းနည်းပြဟောင်းမော်ရင်ညိုကိုခန့်အပ်ခြင်းမရှိဖို့ အသင်းသားတွေအနေနဲ့ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်လို့ သတင်းများကဖော်ပြခဲ့ကြပါတယ်။ ရီးရဲယ်လ်မက်ဒရစ် အသင်းဟာ ယခုနှစ်ရာသီမှာ (၃) ဦးမြောက်အဖြစ်နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး၊ ရာသီအစက စပိန်နည်းပြ ဟောင်းလိုပီတီဂူ၊ ဒုတိယမြောက်နည်းပြအဖြစ် လူငယ်အသင်းနည်းပြဆိုလာရီနဲ့ လက်ရှိမှာတော့ နည်းပြ ဟောင်းဇီဒန်းကိုပြန်လည်ခန့်အပ် ခဲ့ပါတယ်။ ဇီဒန်းဟာ ယခုနှစ်ရာသီအကုန်အထိ ထူးခြားတဲ့စွမ်းဆောင်ရည်တွေ ပြသဖို့မလိုအပ်တော့ပဲ၊ လာမယ့်ရာသီအတွက် ကတော့ စီရော်နယ်ဒိုထွက်ခွာသွားတဲ့ကွက်လပ်တွေနဲ့ နာမည် ကြီးကစားသမားတွေကိုခေါ်ယူဖို့အတွက် ရီးရဲယ်လ်မက်ဒရစ် အသင်းက ပြင်ဆင်လာခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာ နာမည်ကြီးအပြောင်းအရွှေ့တွေ ပြုလုပ်ခြင်းမရှိတော့တဲ့ ရီးရဲယ်လ် မက်ဒရစ်အသင်းဟာ လာမယ့်ရာသီမှာတော့ နာမည်ကြီးစံချိန်တင်အပြောင်းအရွှေ့တွေ ပြုလုပ်သွားမလားဆိုတာ စောင့် ကြည့်ရတော့မှာဖြစ်ပါတယ်။

 

 

Related News