အက်ဖ်အေဖလားပြိုင်ပွဲဟာ ပဉ္စမအဆင့်ကိုရောက်ရှိနေခဲ့ပြီး၊ ပဉ္စမအဆင့်မှာတော့ ပရိသတ်စိတ်ဝင်စား မှုအများဆုံးပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့တွေ့ ဆုံပွဲပါဝင်နေခဲ့ပါတယ်။ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးပွဲစဉ်တစ်ပွဲပါဝင်နေခဲ့ပြီး၊ အဆိုပါ ပွဲစဉ်ကတော့ လက်ရှိ ချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ဒုတိယအအောင်မြင်ဆုံးမန်ယူအသင်းတို့တွေ့ ဆုံတဲ့ပွဲစဉ်ဖြစ် ပါတယ်။ စတုထ္ထအဆင့်မှာ အက်ဖ်အေ ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်း နဲ့ မန်ယူအသင်းတို့တွေ့ ဆုံပွဲမှာ မန်ယူအသင်းက အဝေး ကွင်းမှာ (၃) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိကာ ပဉ္စမအဆင့်ကို တက်ရောက်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ စတုထ္ထအဆင့်မှာ ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ ရှက်ဖီးလ်ဝမ့်ဒက်စဒေးအသင်းကို (၃) ဂိုးပြတ်နဲ့အနိုင်ရရှိကာ ပဉ္စမအဆင့်ကိုတက်ရောက်လာ ခဲ့ပါတယ်။ ဒါပေ မယ့်လည်း (၂) သင်းစလုံးဟာ နောက်ဆုံးယှဉ်ပြိုင်ထားခဲ့တဲ့ပွဲစဉ်မှာရှုံးပွဲကိုယ်စီကြုံတွေ့ ခဲ့ကြပြီး၊ ချယ်လ်ဆီးအ သင်းက မန်စီးတီးအသင်းကို (၆) ဂိုးပြတ်နဲ့ မန်ယူအသင်းကတော့ ပီအက်စ်ဂျီအသင်းကို (၂) ဂိုးပြတ်နဲ့ရှုံးနိမ့် ထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီက အက်ဖ်အေ ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာတွေ့ ဆုံခဲ့ကြပြီး၊ ချယ်လ်ဆီးအသင်းက တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အ ပြင်အခြားသောအချက်တစ်ခုအနေနဲ့ကတော့ ချယ်လ် ဆီး အသင်းအနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်ယူအ သင်းနဲ့နောက်ဆုံးတွေ့ ဆုံမှု (၄) ကြိမ်မှာ (၄) ကြိမ်စလုံးကို အနိုင်ရရှိ ထားခဲ့ပြီး၊ နည်းပြဆိုးလ်ရှားအနေနဲ့ မှတ် တမ်းဆိုးတစ်ခုကိုချေဖျက်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒဏ်ရာရကစားသမားတွေအဖြစ်က တော့ ချယ်လ်ဆီးအသင်းကလူစုံပါဝင်နိုင်ဖွယ်ရှိနေပေမယ့်လည်း မန်ယူအသင်းကတော့ အားထားရတဲ့မာရှယ် လ်နဲ့ လင်ဂတ်တို့ဟာ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ် ကိုလွဲချော်ရမှာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ မြန်မာစံတော်ချိန်မနက် (၂) နာရီအချိန်မှာယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အဆိုပါပွဲစဉ်ကို တော့ MRTV-4 ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။

 

 

 

Related News