ယခုတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ မန်စီးတီးနဲ့ချယ်ဆီးတို့တွေ့ဆုံတဲ့ပွဲစဉ်ပါဝင်ခဲ့ပြီး မန်စီးတီးအသင်း ဟာအိမ်ကွင်းအီတီဟတ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုပုံဖော်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ချယ်ဆီးအသင်းထက်ပုံ စံကောင်းပြသနိုင်ခဲ့ပြီး အဂူရိုရဲ့ဟက်ထရစ်သွင်းဂိုးအပါအ၀င် စတားလင်း၊ ဂန်ဒိုဂန်တို့ရဲ့သွင်းဂိုးတွေနဲ့ အိမ်ကွင်း      မှာ(၆)ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ဟာ မန်စီးတီးအတွက် ယခုနှစ်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ မှာသွင်းဂိုးမှတ်တမ်းကောင်း(၂)ခုကို ပိုင်ဆိုင်စေခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးအဂူရိုဟာလည်း စံချိန်ကောင်းတစ်ခုပိုင်ဆိုင်ခဲ့တာပါ။

မန်စီးတီးဟာ ယခုနှစ်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အိမ်ကွင်းနဲ့ အဝေး ကွင်းပွဲစဉ် သွင်းဂိုးအများဆုံးမှတ်တမ်းတွေကိုပိုင်ဆိုင်ခဲ့ပြီး အဂူရိုကတော့ ပရီးမီးယားလိဂ် ဂန္ထ၀င်တိုက်စစ်မှူးတစ်ဦးတင်ရှိထားတဲ့ စံချိန်ကိုလိုက်မီခဲ့တာပါ။ မန်စီးတီးဟာ ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ (၆)ဂိုးပြတ်အနိုင်  ရရှိခဲ့တာကြောင့် ယခုနှစ်ရာသီပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းသွင်းဂိုးအများဆုံးပွဲစဉ်ဖြစ်ခဲ့သလို (၂၀၁၈)စက်တင် ဘာက ကာဒစ်စီးတီးကို(၅)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း အဝေးကွင်းသွင်းဂိုးအများ ဆုံးပွဲစဉ်တစ်ပွဲကို  ဖန်တီးထားနိုင်ခဲ့တာပါ။ ချယ်ဆီးဘက်ကိုဟက်ထရစ်သွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုကတော့ ပရီးမီး ယားလိဂ်မှာ ဟက်ထရစ်သွင်းဂိုး(၁၁)ကြိမ်နဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်းအလန်ရှီးယားရဲ့ စံချိန်နဲ့တူညီ တဲ့မှတ်တမ်းတစ်ခုရရှိခဲ့ပါတယ်။ ချယ်ဆီးကိုအနိုင်ရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ လက်ရှိပွဲစဉ်(၂၆)အပြီးမှာ လီ ဗာပူးအသင်းထက်တစ်ပွဲပိုကစားပြီး ရမှတ်(၆၅)မှတ် ရမှတ်တူဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားအဆင့် (၁)နေရာမှာ ဦးဆောင်နေမှာပါတယ်။

 

 

Related News