လက်ရှိအပြောင်းအရွေ့ကာလအတွင်းမှာ မန်စီးတီးအသင်းမှ ရီးယဲမက်ဒရစ်အသင်းထံကို ပြောင်းရွေ့ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဘရာဟင်ဒီယက်ဒ်ဟာ ကြယ်စင်စုအသင်းထံကိုရောက်ရှိဖို့အတွက် ခက်ခဲတဲ့အခြေနေတစ်ခုကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ဘရာဟင်ဒီယက်ဒ်ဟာ မန်စီးတီးမှ ရီးယဲမက်ဒရစ်အသင်းထံကို ပြောင်းရွေ့ဖို့အတွက် အချိန်ကာလတစ်ခုထိ ဆွေးနွေးမှုတွေပြု လုပ်ခဲ့ရပြီး ပြောင်းရွေ့ကြေး ပေါင်(၂၂)သန်း၊ (၆)နှစ်ခွဲသက်တမ်းရှိတဲ့စာချုပ်နဲ့ပြောင်းရွေ့ခဲ့ သူပါ။ အသက်(၁၉)နှစ်အရွယ် ဒီယက် ဒ်ဟာ စပိန်နိုင်ငံ၊ မာလာဂါမှာ (၁၉၉၉)ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး လူငယ်ကစားသမားဘ၀ကို (၂၀၁၀)ခုနှစ်မှ (၂၀၁၃)ခုနှစ်ထိ မာလာဂါအသင်းနဲ့အတူဖြတ်သန်းခဲ့ပါတယ်။ သူဟာ (၂၀၁၃)ခုနှစ်မှာတော့ မန်စီးတီးကိုပြောင်းရွေ့ခဲ့ပြီး (၂၀၁၆)ခုနှစ်ထိ မန်စီး တီးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ပေမယ့် အသင်းကြီးမှာတော့နေရာရဖို့ခက်ခဲခဲ့ပါတယ်။ ဘရာဟင်ဒီယက်ဒ်ဟာ မာလာမှာလူ ငယ်ကစားသမား ဘ၀ဖြတ်သန်းခဲ့ချိန်မှာ ခက်ခဲတဲ့အချိန်ကာလတွေဖြတ်သန်းခဲ့ရပြီး (၂၀၁၁)မှ (၂၀၁၃)ခုနှစ်ဝန်းကျင်လောက် ထိ ဘောကောက်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီယက်ဒ်အနေနဲ့ ငယ်စဉ်ကဘောကောက်တစ်ဦးဖြစ်ခဲ့တဲ့အခြေနေကို (၂၀၁၆)ခုနှစ်၊ နိုဝင်ဘာလက သူ့ရဲ့ အင်စတာဂရမ်မှာတင်ခဲ့ပြီး ကာဇိုလာ၊ အစ္စကိုတို့အောင်ပွဲခံနေချိန်မှာ ငေးကြည့်နေတဲ့ကလေးငယ်တစ်ဦးရဲ့ပုံ နဲ့ I always wanted to be a professional footballer ဆိုတဲ့ စာနဲ့ပို့တစ်ခုတင်ခဲ့တာပါ။

မန်စီးတီးမှ ရီးယဲမက်ဒရစ်ကိုပြောင်း ရွေ့ခဲ့တဲ့ ဘရာဟင်ဒီယက်ဒ်ကပြောခဲ့ရာမှာတော့ ကျွန်တော်အနေနဲ့ မန်စီးတီးမှထွက်ခွာဖို့ဆုံးဖြတ်လိုက်ချိန်မှာ ရီးယဲမက်ဒရစ်အ သင်းမှာပဲ ကစားလိုတဲ့ဆန္ဒပြင်းပြခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။လက်ရှိမှာ ရီးယဲမက်ဒရစ်ကစားသမားဘ၀ ဖြတ်သန်းရတော့မယ့် ဒီယက်ဒ်ဟာ ငယ်ဘ၀ကခက်ခဲတဲ့အခြေနေတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကြယ်စင်စုအသင်းမှာ သူ့ရဲ့အနာဂတ်ကိုအကောင်းဆုံး  ထုဆစ်နိုင်မလားဆိုတာ စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။

 

 

Related News