ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အလယ်အလတ်အသင်းဖြစ်တဲ့ ဘုန်းမောက်အသင်းဟာ လက်ရှိဇန်န၀ါရီအပြောင်း အရွေ့ကာလမှာ အသင်းရဲ့တိုက်စစ်နဲ့ ခံစစ်ပိုင်းအတွက် အရေးပါတဲ့ကစားသမား ခေါ်ယူမှု(၂)ခုကိုပြုလုပ်ခဲ့ပါ တယ်။ ဘုန်းမောက်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အပြီးမှာ ရမှတ်(၂၇)မှတ်နဲ့ အဆင့်(၁၂)နေရာမှာရှိနေ ပြီး ရဂိုး(၃၁)ဂိုး၊ ပေးဂိုး(၄၀)ခွင့်ပြုထားရပါတယ်။ ရဂိုးရသင့်သလောက်ရရှိထားပေမယ့် ခံစစ်ကပေးဂိုးခွင့်ပြုရမှု နှုန်းများနေတဲ့ ဘုန်းမောက်အသင်းဟာ လက်ရှိမှာအသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်ပိုင်းအတွက် အရေးပါတဲ့ခေါ်ယူမှုတွေပြုလုပ်ခဲ့ပြီး လီဗာပူးတိုက်စစ်မှူး ဆိုလန်ကီနဲ့ နောက်ခံလူ ကလိုင်းတို့ကိုခေါ်ယူခဲ့တာပါ။ အသက်(၂၁)နှစ် အရွယ်ဆိုလန်ကီဟာ လီဗာပူးအသင်းထံကို (၂၀၁၇)ခုနှစ်မှာရောက်ရှိခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက်ရုန်းကန် နေရသူဖြစ်တာကြောင့် တိုက်စစ်ပိုင်းအင်အားဖြည့်ဖို့လိုနေတဲ့ ဘုန်းမောက်အသင်းက ပေါင်(၁၉)သန်းနဲ့ခေါ်ယူခဲ့တာပါ။

ဆိုလန်ကီကို ခေါ်ယူနိုင်ခဲ့တာဟာ ဘုန်းမောက်အသင်းအတွက် တိုက်စစ်ပိုင်းအင်အားဖြည့်တင်းနိုင်ခဲ့ရုံ သာမက တိုက်စစ်မှူး ကော်လမ်ဝီဆင်အသင်းပြောင်းသွားနိုင်တဲ့အခြေနေကိုပါ အရံသင့်အစားထိုးမှုဖြစ်စေမယ့် အခြေနေကိုဖန်တီးနိုင် ခဲ့တာပါ။ဆိုလန်ကီကိုခေါ်ယူခဲ့တဲ့ ဘုန်းမောက်အသင်းဟာ တစ်ဆက်တည်းမှာပဲ လီဗာပူး မှာပုံမှန်ပွဲထွက်ခွင့်မရရှိတဲ့ နောက်ခံလူကလိုင်းကိုလည်း အငှားစာချုပ်နဲ့ရာသီကုန်ထိခေါ်ယူခဲ့ပါတယ်။ ကလိုင်းကိုခေါ်ယူခဲ့တဲ့တာဟာ အဓိက နောက်ခံလူ ဖရန်ဆစ်နဲ့ စတိဗ်ကွတ်တို့ဒဏ်ရာကြောင့် အနားယူနေရချိန်မှာခေါ်ယူနိုင်ခဲ့တာကြောင့် ဘုန်းမောက် အသင်း အတွက် မှန်ကန်တဲ့ခေါ်ယူမှုလို့ သတ်မှတ်နိုင်ပါတယ်။

 

 

Related News