ဥရောပချန်ပီယံလိဂ် ချန်ပီယံရီးယဲမက်ဒရစ်အသင်းဟာ UAE မှာကျင်းပခဲ့တဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားချန်ပီယံဆုကို ရရှိခဲ့ တယ်လို့ သိရပါတယ်။ (၂၀၁၈) ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဒီဇင်ဘာလ(၂၂)ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီး ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲမက်ဒရစ်နဲ့ (၂၀၁၇-၁၈) UAE Pro League ချန်ပီယံ အယ်လ်အိန်းအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တာပါ။ ရီးယဲမက်ဒရစ် ဟာ ပြိုင်ပွဲကိုဆီမီးဖိုင်နယ်အဆင့်မှ စတင်ဝင်ရောက်ကစားခဲ့ပြီး ဂျပန်ကလပ်ကာရှီမာ အန်တာကို (၃)ဂိုး(၁)ဂိုးနဲ့အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာပါ။ ရီးယဲမက်ဒရစ်နဲ့ ဗိုလ်လုပွဲမှာတွေ့ဆုံခဲ့တဲ့ အယ်လ်အိန်း အသင်းကတော့ ဆီမီးဖိုင်နယ်မှာ ရေးဗားပလိတ်အသင်းကို ပွဲကစားချိန်အတွင်း(၂)ဂိုးစီသ ရေ၊ ပင်နယ်တီအဆုံးအဖြတ် (၅)ဂိုး(၄)ဂိုးနဲ့အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာပါ။

ဗိုလ်လုပွဲစဉ်ကိုယှဉ်ပြိုင် ကစားခဲ့ရာမှာ ရီးယဲမက်ဒရစ်ဟာ အဓိက ကစားသမားအစုံအလင်အသုံးပြုပြီး မိုဒရစ်၊ မားကို့စ်လော်ရန်တေး၊ ရာ မို့စ်၊ ယာဟီရာနက်ဒါတို့ရဲ့ ကိုယ့်ဂိုး ကိုယ်သွင်း ယူမှုတွေနဲ့အတူ အယ်လ်အိန်းအသင်းကို (၄)ဂိုး(၁)ဂိုးနဲ့အနိုင်ရရှိ ကာချန်ပီယံဆုရရှိခဲ့ပါတယ်။ ရီးယဲမက်ဒရစ်ဟာ ဖီဖာကမ္ဘာ့ ကလပ်ဖလားပြိုင်ပွဲကို (၄)ကြိမ်ဗိုလ်လုပွဲ တက်ရောက် ခဲ့ပြီး (၄)ကြိမ်လုံးမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။ ရီးယဲမက်ဒရစ်ဟာ (၂၀၁၄)ခုနှစ်၊ (၂၀၁၆)ခုနှစ်၊ (၂၀၁၇)ခုနှစ် နဲ့ လက်ရှိ(၂၀၁၈)ခုနှစ်တို့မှာ ချန်ပီယံဆုရရှိခဲ့တာ ဖြစ်ပြီးပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့ (၂၀၀၀)ခုနှစ်မှစတင်ပြီးချန်ပီယံ ဆု(၄)ကြိမ် နဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ ရီးယဲမက်ဒရစ်အသင်း ဟာ ပြိုင်ပွဲရဲ့ချန်ပီယံ ဆုကိုရရှိခဲ့သလို အသန့်ရှင်းဆုံး အသင်းဆုကိုလည်း ရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆု သွင်းဂိုး (၃)ဂိုးသွင်း ယူခဲ့တဲ့ ဂါရတ်လ်ဘေးက ရရှိခဲ့ပါတယ်။ (၂၀၁၈) ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲရဲ့ တတိယနေရာလုပွဲကိုတော့ ကာရှီမာအန်တာအသင်းနဲ့ ရေးဗား ပလိတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရေးဗားပလိတ်အသင်းက (၄)ဂိုး ဂိုးမရှိ နဲ့အနိုင်ရရှိကာ တတိယဆုရရှိခဲ့ပါတယ်။

 

 

Related News