ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တဲ့ လန်ဒန်ကလပ်ချယ်ဆီးအသင်းဟာ ယခုနှစ်(၂၀၁၈-၁၉)ဘောလုံးရာသီစတင်ချိန်ဖြစ်တဲ့ သြဂုတ်လမှလက်ရှိ နိုဝင်ဘာလအထိ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာရှုံးပွဲလုံး ၀မရှိတဲ့တစ်သင်းတည်းသော အသင်းအဖြစ်ရှိနေတယ်လို့သိရပါတယ်။  ချယ်ဆီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ နည်းပြသစ်ဆာရီရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းတွေဆက် တိုက်ရယူထားပြီး ယခင်က မန်စီးတီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ တို့ဟာ ချယ်ဆီးနဲ့အတူဥရောပရဲ့ရှုံးပွဲ မရှိတဲ့အသင်းတွေအဖြစ်ရှိနေပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးအသင်းဟာ စက်တင်ဘာလ(၁၉)ရက်မှ ချန်ပီ ယံလိဂ်ပွဲစဉ်မှာ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ(၂)ဂိုး(၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့သလို ဘာစီလိုနာဟာလည်း စက်တင်ဘာလ(၂၆)ရက်မှ လီဂါနက်စ်နဲ့ လာလီဂါအဝေးကွင်းပွဲစဉ်မှာ (၂)ဂိုး(၁)ဂိုးနဲ့ရှုံး နိမ့်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာလည်း စက်တင်ဘာလ(၁၈)ရက်မှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်က စားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ (၃)ဂိုး(၂)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ပျက်ခဲ့ရသလို ဂျူဗင်တပ်အသင်းဟာ လည်း နိုဝင်ဘာလ(၇)ရက်မှ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ(၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းကတော့ ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိတ်စ်ဘိုရီ ဆော့အသင်းနဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်(၄)မှာ (၁)ဂိုးဂိုးမရှိနဲ့အနိုင်ရပြီး ထိပ်တန်းလိဂ်(၅)ခုမှာရှုံးပွဲမရှိတဲ့ တစ်သင်း တည်းသောအသင်းအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ သြဂုတ်လ(၁၁)ရက်မှ ယခုလနိုဝင် ဘာလ(၄)ရက်ထိ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲမှာ (၈)ပွဲနိုင်(၃)ပွဲသရေရလဒ်ရရှိထားပြီး ယူရို ပါလိဂ်ပွဲစဉ်(၄)ပွဲနဲ့ အင်္ဂလန်လိဂ်ဖလားပွဲစဉ်(၂)ပွဲမှာလည်း ရာနှုန်းပြည့်နိုင်ပွဲတွေရရှိထားတာဖြစ်ပါတယ်။

ချယ် ဆီးအသင်းဟာ လက်ရှိနည်းပြဆာရီလက်ထက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်ပါဝင်ခြင်းမရှိပဲ ပွဲစဉ်(၁၇)ပွဲကစားထား ရာမှာ (၁၄)ပွဲနိုင် (၃)ပွဲသရေ ရလဒ်ရရှိထားပြီး အနိုင်ရရှိမှုရာခိုင်နှုန်း (၇၇.၇၈)ရာခိုင်နှုန်းရရှိထားပါတယ်။

 

Related News