ဆားဘီးယားနိုင်ငံသားဂျိုကိုဗစ်အနေနဲ့ (၂၀၁၈) ခုနှစ်၊ ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရ ယူနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း တစ်ဖက်မှာတော့ကမ္ဘာ့အဆင့် (၁) နေရာကိုရယူနိုင်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံ တကာအားကစားသတင်းအယ်ဒီတာက ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။(၂၀၁၈) ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသားရာဖေးနာဒယ်လ်အနေနဲ့ ဒဏ်ရာပြဿနာနဲ့ပြိုင် ပွဲကနေနုတ်ထွက်သွားခဲ့ တာကြောင့်  ဆားဘီးယားနိုင်ငံသားဂျိုကိုဗစ်ဟာ ပြိုင်ပွဲရဲ့ နိုင်ခြေအဆင့်သတ်မှတ်ခံရမှု မှာထိပ်ဆုံးနေရာကိုရောက်ရှိခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲရဲ့ နိုင်ခြေအဆင့်သတ်မှတ်ခံရမှု မှာ ထိပ်ဆုံးနေရာမှာရပ်တည်ခဲ့သလို၊ ပြိုင်ပွဲမှာပြသနိုင်ခဲ့တဲ့ လက်စွမ်းတွေကလည်း ထိပ်ဆုံးနေရာနဲ့ထိုက်တန်ခဲ့ ပါတယ်။ ဒါပေမယ့်လည်းဂျိုကိုဗစ်ဟာဗိုလ်လုပွဲမှာ ရုရှားနိုင်ငံသားခါချန်နော့ဗ်ကို ၇-၅ ၆-၄ နဲ့ နှစ်ပွဲပြတ်ရှုံးနိမ်ခဲ့ ပြီး၊ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။

ဂျိုကိုဗစ်ဟာ ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲမှာ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရ တာကြောင့် (၂၀၁၈) ခုနှစ်အတွင်း (၅) လုံးမြောက်ဆုဖလားကိုရယူနိုင်မယ့်အခွင့်အရေးကောင်းတစ်ခုကိုလက် လွှတ်ခဲ့ရပါတယ်။ ဂျိုကိုဗစ်ဟာ (၂၀၁၈) ခုနှစ်အတွင်းမှာ ၀င်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ၊ စင်စင်နတီမာစတာပြိုင် ပွဲ၊ ယူအက်စ်အိုးပင်းပြိုင်ပွဲနဲ့ ရှန်ဟိုင်း မာစတာပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကိုရယူထားနိုင်ခဲ့ပါတယ်။ ပဲရစ်မာစ တာပြိုင်ပွဲမှာဒုတိယဆုနဲ့သာကျေနပ်ခဲ့ရပြီး၊ (၅) လုံးမြောက် ဆုဖလားကိုရယူနိုင်ခြင်းမရှိခဲ့တဲ့ ဂျိုကိုဗစ်အတွက် အခြားတစ်ဖက်မှာတော့ (၂၀၁၆) ခုနှစ်နောက်ပိုင်း ကမ္ဘာ့အဆင့် (၁) နေရာကိုပထမ ဦးဆုံး အကြိမ်ပြန်လည်ရယူ နိုင်ခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က ကမ္ဘာ့အဆင့် (၁) နေရာကို ဗြိတိန် နိုင်ငံသားအန်ဒီမာရေးထံကိုလွှဲပြောင်းပေးခဲ့ရပြီး၊ (၂)နှစ်အကြာနဲ့ လက်ရှိအချိန်မှသာ ကမ္ဘာ့အဆင့် (၁) နေရာကို ပြန်လည်ရယူနိုင်ခဲ့ ပါတယ်။ ဂျိုကိုဗစ်ဟာ (၂၀၁၁) ခုနှစ်အတွင်းက ကမ္ဘာ့အဆင့် (၁) နေရာကိုပထမဦးဆုံးအကြိမ်ရယူနိုင်ခဲ့ပြီး၊ လက်ရှိမှာကမ္ဘာ့အဆင့် (၁) နေရာကိုပြန်လည်ရယူနိုင်ခဲ့တာဟာ ကစားသမားဘ၀တစ်လျှောက် (၄) ကြိမ် မြောက်အဖြစ်ရယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News