စပိန်လာလီဂါပွဲစဉ်(၁၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးယဲမက်ဒရစ်အသင်းနဲ့ ဗယ်လာဒိုးလစ်အသင်းတို့ပွဲစဉ်မှာ ရီးယဲမက်ဒရစ် အသင်းဟာ (၂)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ရီးယဲမက်ဒရစ်ယာယီနည်းပြ ဆိုလာရီအတွက် မှတ်တမ်းကောင်းတစ်ခုရရှိခဲ့တာ ဖြစ်ပါတယ်။
ရီးယဲမက်ဒရစ်အသင်းဟာ ဗယ်လာဒိုးလစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဗယ်လာဒိုးလစ်အသင်းရဲ့ မထင်မှတ်တဲ့ရုန်းအားကြောင့် ပွဲချိန်မိနစ်အစောပိုင်းတွေမှာ သွင်းဂိုးတွေရရှိဖို့ခက်ခဲခဲ့ပြီး (၈၃)မိနစ်နဲ့ (၈၈)မိနစ် မှာမှ ဗင်နီစီယက်စ်၊ ရာမို့စ်တို့ရဲ့ သွင်းဂိုးတွေကြောင့်(၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
 
ယခုနိုင်ပွဲကြောင့် ရီးယဲမက်ဒရစ်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်(၂)ပွဲမှာ နိုင်ပွဲရရှိခဲ့ပြီး ရလဒ်ပိုင်းပြန်လည် ကောင်းမွန် လာသလို ယာယီနည်းပြဆိုလာရီအတွက်လည်း မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပါတယ်။ဆိုလာရီဟာ ရီးယဲမက် ဒရစ်ကို စတင်ကိုင်တွယ်တဲ့ပွဲစဉ်(၂)ပွဲမှာ (၂)ပွဲစလုံးအနိုင်ရလဒ်ကို ပေးဂိုးမရှိရယူပေးနိုင်ခဲ့တာကြောင့် ရီးယဲ မက်ဒရစ်နည်းပြဟောင်း လူးဝစ်ကာနီဂ်လီယာ ရဲ့မှတ်တမ်းနဲ့ တူညီခဲ့တာဖြစ်ပါတယ်။ လူးဝစ်ကာနီဂ်လီယာ ဟာအဆိုပါမှတ်တမ်းကို (၁၉၅၇)ခုနှစ်မှာရရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း(၆၁)နှစ်အကြာမှာ ဆိုလာရီက ထပ်မံရရှိခဲ့ တာဖြစ်ပါတယ်။ရီးယဲမက်ဒရစ်ဟာ ဆိုလာရီရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ စပိန်ဘုရင့်ဖလား(၃၂)သင်းအဆင့်မှ မယ် လီလာအသင်းနဲ့ပွဲစဉ်မှာ (၄)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့သလို လာလီဂါပွဲစဉ်(၁၁)မှ ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာလည်း (၂)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး ဆိုလာရီရဲ့ပထမဆုံးပွဲစဉ်(၂)ပွဲမှာ ရဂိုး(၆)ဂိုး ပေးဂိုးလုံးဝမရှိခဲ့တာဖြစ်ပါတယ်။
 
ရီးယဲ မက်ဒရစ်အသင်းဟာ လက်ရှိလာလီဂါပွဲစဉ်(၁၁)ပွဲအပြီးမှာ ရမှတ်(၁၇)မှတ်နဲ့ အဆင့်(၆) နေရာမှာရပ်တည်နေ ပြီးချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုပွဲစဉ်(၃)ပွဲအပြီး ရမှတ်(၆)မှတ်နဲ့ အုပ်စုအဆင့်(၁)နေရာမှာရှိနေပါတယ်။ ရီးယဲမက်ဒရစ်အသင်းဟာ လက်ရှိနည်းပြ ဆိုလာရီကို ရာထူးမှထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်း လိုပီတီဂူရဲ့ နေရာမှာ ပြီးခဲ့တဲ့အောက်တိုလ(၃၀)ရက်မှာ အစားထိုးခန့်အပ်ထားတာဖြစ်ပါတယ်။
 
 

Related News