မာစတာပြိုင်ပွဲတွေမှာ အကောင်းဆုံးလက်စွမ်းတွေပိုင်ဆိုင်လေ့ရှိတဲ့ ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ယခုနှစ်ရဲ့ ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာလည်း နိုင်ခြေအဆင့်(၁၃)သာသတ်မှတ်ခံထားရတဲ့ ခရိုအေးရှားမှ ဘိုနာကိုရစ်ကို ဗိုလ်လုပွဲမှာ အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ယခုနှစ်ရှန်ဟိုင်းမာစတာမှာ နိုင်ခြေအဆင့်(၂)သတ်မှတ်ခံထားရတဲ့ ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်မှာလည်း နိုင်ခြေအဆင့် (၄)သတ်မှတ်ခံထားရတဲ့ ဂျာမနီမှာ ဇက်ရက်ဗ် ကို ၆ - ၂ ၊ ၆ - ၁ နဲ့ အလွယ်တကူပဲကျော်ဖြတ်ခဲ့ သလို ဗိုလ်လုပွဲမှာလည်း ဘိုနာကိုရစ်ကို ၆ - ၃ ၊ ၆ - ၄ နဲ့ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့သြ ဂုတ်လကလည်း စင်စင်နတီ မာစတာမှာ ဗိုလ်စွဲခဲ့ပြီး မာစတာတစ်ထောင်ပြိုင်ပွဲ(၉)ခုလုံးကို ဗိုလ်စွဲနိုင်တဲ့ ပထမ ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင် ထားသူဖြစ်ပါတယ်။ လက်ရှိ ရှန်ဟိုင်းမာစတာမှာ ဗိုလ်စွဲတာဟာ ဂျိုကိုဗစ်ရဲ့ ကစားသမားဘ၀မာစတာ တစ်ထောင်ပြိုင်ပွဲ တွေမှာ(၃၂)ကြိမ်မြောက်ဗိုလ်စွဲမှုဖြစ်ပြီး အဆင့်(၁)နေရာက (၃၃) ကြိမ်ဗိုလ်စွဲထားတဲ့ ရာဖေးလ်နာဒယ်နဲ့(၁)ကြိမ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၀၉)ခုနှစ်နောက် ပိုင်းဗိုလ်စွဲမှုတွေတွက်ချက်မယ်ဆိုရင် ဂျိုကိုဗစ်က(၂၆)ကြိမ်နဲ့ ထပ်ဆုံးမှာရှိနေပြီး ရာဖေးလ်နာဒယ်က(၂၁)ကြိမ်သာရှိနေပါတယ်။

ဂျိုကိုဗစ်ဟာ ယခုနှစ်ရှန်ဟိုင်းမာစတာမှာလည်း ကွာတားဖိုင်နယ်မှာ ကီဗင်အန်ဒါဆန်ကို အခက်အခဲမရှိကျော်ဖြတ်ခဲ့သလို ဆီးမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေမှာလည်း သက်သောင့်သက်သာနဲ့ အနိုင်ယူခဲ့ပါတယ်။ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တဲ့ ဘိုနာကိုရစ်ဟာ နိုင်ခြေအဆင့်(၁၃)သာ သတ်မှတ်ခံထားရပေမယ့် ဆီးမီးဖိုင်နယ်မှာ နိုင်ခြေအဆင့်(၁) ရော်ဂျာဖက်ဒါးရားကို ၆ - ၄ ၊ ၆ - ၄ နဲ့ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်နောက်ပိုင်းကာလတွေနဲ့ (၂၀၁၈)အစောပိုင်းပြိုင်ပွဲတွေမှာ ရုန်းကန် ခဲ့ရပေမယ့် ၀င်ဘယ်ဒန်နဲ့ ယူအက်အိုးပင်းတို့လို ဂရမ်းစလန်းပြိုင်ပွဲတွေမှာ ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံတွေ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

 

 

Related News