စီအက်စ်ကေအေမော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားဖို့ရှိနေတဲ့ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ ဂါရတ်ဘေးလ်၊ ရာမို့စ်၊ အစ္စကိုနဲ့ မာဆယ်လိုတို့ကို အနားပေးသွားမယ်လို့ သိရပါတယ်။လက်ရှိကြားရက်မှာချန်ပီယံလိဂ်ပွဲစဉ် (၂) တွေကိုယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး၊ လက်ရှိချန်ပီယံရီးရဲယ် လ်မက်ဒရစ်အသင်း ဟာ ပွဲစဉ် (၂) မှာစီအက်စ်ကေအေမော်စကိုအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ရီးရဲ ယ်လ်မက်ဒရစ်အသင်းဟာ အဆိုပါပွဲစဉ်ကိုအဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ရုရှားမြေကို သွားရောက်ရမှာဖြစ်ပြီး၊ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ဂါရတ်ဘေးလ်၊ ရာမို့စ်၊ အစ္စကိုနဲ့ မာဆယ် လိုတို့ကိုခေါ်ဆောင်သွားခြင်း မရှိတာ ဖြစ်ပါတယ်။

အစ္စကို၊ ဂါရတ်ဘေးလ်နဲ့ မာဆယ်လိုတို့ဟာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေတာကြောင့်ခေါ်ဆောင်သွားခြင်း မရှိသလို၊ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာအနည်းငယ်ရရှိသွားခဲ့တဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကတော့ နည်းပြလိုပီတီဂူအနေနဲ့ အနားပေးသွားဖို့အတွက်ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲယ်လ်မက်ဒရစ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာအခက်အခဲမရှိနိုင် ပေမယ့်လည်း (၂) ပွဲဆက်သရေရလဒ် ထွက်ပေါ်ခဲ့တဲ့စပိန်လာလီဂါပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေပြန်လည်ရ ရှိဖို့အတွက် နည်းပြလိုပီတီဂူအနေနဲ့ ဆန္ဒရှိနေခဲ့ပါတယ်။

ဒါ့ကြောင့်လိုပီတီဂူအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထက် စပိန်လာလီဂါမှာပုံစံကောင်းတွေပြန်လည် ပြသနိုင်ဖို့အတွက် အသင်းရဲ့အဓိကကစားသမားအချို့ကို ခေါ်ယူသွား ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲယ်လ်မက်ဒရစ် အသင်းဟာ ပွဲစဉ် (၁) မှာရိုးမားအသင်းကို (၃) ဂိုးပြတ်နဲ့အနိုင်ရရှိ ခဲ့ပြီး၊ ပွဲစဉ် (၂) အဖြစ် အောက်တိုဘာလ (၃) ရက်နေ့၊ မြန်မာစံတော်ချိန်မနက် (၁) နာရီခွဲအချိန်မှာ စီအက်စ်ကေအေ မော်စကို အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News