ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကပေးအပ်ချီးမြင့်တဲ့ (၂၀၁၈) ခုနှစ်အတွက်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု (The Best Award) ကိုယနေ့ညမှာပေးအပ်ချီးမြင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကပေးအပ်ချီးမြင့်တဲ့ The Best Award ဆုပေးပွဲအခမ်းအနားကို ဗြိ တိန်ဒေသစံတော်ချိန်အနေနဲ့ ယနေ့ညမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ စီရော်နယ်ဒို၊ မိုဟာမက်ဆာလက်ခ်ျနဲ့ မိုဒရစ်တို့က နောက်ဆုံးဆန်ကာတင် (၃) ဦးစာရင်းမှာပါဝင်ထားခဲ့ပါတယ်။ ဖီဖာအနေနဲ့ (၂၀၁၈) ခုနှစ်အတွင်း မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ကစားသမားတွေကိုရွေးချယ်ခဲ့ပြီး၊ (၃) ကြိမ်မြောက်ကျင်းပပြုလုပ် မယ့်ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးဆုတွေကိုပေးအပ်ချီးမြင့်သွားမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ (၂၀၁၈) ခုနှစ်အတွင်းမှာ ရီးရဲယ်လ်မက်ဒရစ်အသင်းအတွက်အကောင်းဆုံးသောစွမ်းဆောင်ရည်တွေပြသနိုင် ခဲ့ပြီး၊ မိုဒရစ်ဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကိုဗိုလ်လုပွဲဆီပို့ဆောင်ပေးနိုင်ခဲ့သလို၊ မိုဟာ မက်ဆာလက်ခ်ျကလည်း လီဗာပူးလ်အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ The Best Award ဆုပေးပွဲအခမ်းအနားကို (၂၀၁၆) ခုနှစ်ကစတင်ပေးအပ်ချီးမြင့်ခဲ့ပြီး၊ (၂၀၁၆) ခုနှစ်နဲ့ (၂၀၁၇) ခုနှစ်တွေမှာ ရီး ရဲယ်လ်မက်ဒရစ်တိုက်စစ်မှူးဟောင်းစီရော်နယ်ဒိုက (၂) နှစ်ဆက်တိုက်ရယူထားနိုင်ခဲ့ပါတယ်။ The Best Award ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆု၊ အ ကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးအမျိုးသမီးနည်းပြဆု၊ အကောင်းဆုံးသွင်းဂိုးဆုတွေအပါအ၀င် ဆုအမျိုးအ စား (၉) ခုအထိပေးအပ်ချီးမြင့်တာဖြစ်ပါတယ်။ စီရော်နယ်ဒို၊ မိုဒရစ်နဲ့ မိုဟာမက်ဆာလက်ခ်ျတို့ဟာ ဥရောပတစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး၊ အကောင်းဆုံးကစားသမားဆုကို ရီးရဲယ်လ်မက်ဒရစ်ကွင်းလယ်လူမိုဒရစ်ကရရှိခဲ့တယ်လို့သိရ ပါတယ်။

 

 

Related News