မာလ်စီဒီးအသင်းရဲ့ကားမောင်းသမားသမားဟာမီလ်တန်ဟာ မာလ်စီဒီးအသင်းနဲ့ (၂၀၂၀) ခုနှစ်အထိ ဆက်လက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုဖို့သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။ အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံသားဟာမီလ်တန်ဟာ ဂျာမနီအခြေစိုက်အသင်းတစ် သင်းဖြစ်တဲ့ မာလ်စီဒီးလ်အသင်းနဲ့ (၂၀၂၀) ခုနှစ်အထိဆက်လက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ စာချုပ်သစ်အရဟာမီလ်တန်ဟာ အပိုဆုကြေးငွေတွေအပါအ၀င် တစ်နှစ်ကိုပေါင် သန်း (၃၀) အထိရရှိမှာဖြစ်ပြီး၊ လက်ရှိမှာရရှိနေတဲ့လစာပမာဏထက် ပေါင် (၁၀) သန်းများပြားလာခဲ့ပါတယ်။

သူဟာ (၂၀၁၃) ခုနှစ်မှာ မက္ကလာရင်အသင်းကနေ မာလ်စီဒီးအသင်းကိုပြောင်းရွှေ့လာသူဖြစ်ပြီး၊ အသင်းမှာ (၅) နှစ်ကြာပါဝင်ထားခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်ဟာမီလ်တန်အနေနဲ့ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို (၄) ကြိမ်ရယူထားနိုင်ခဲ့ရာမှာ (၃) ကြိမ်ဟာ မာလ်စီဒီးအသင်းနဲ့ရယူနိုင်ခဲ့ပြီး၊ (၁) ကြိမ်ကသာ မက္ကလာရင်အသင်းနဲ့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာမီလ်တန်ဟာ (၂၀၁၈) ပြိုင်ပွဲမှာတော့ ဖာရာရီအသင်းကားမောင်းသမားဗက်တဲ လ်ရဲ့နောက် ရမှတ် (၈) မှတ်အကွာနဲ့ အဆင့် (၂) နေရာမှာရပ်တည်နေခဲ့ပြီး၊ လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ် နိုင်ဖို့အတွက်မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

သူကတော့ မာလ်စီဒီးအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှု ရရှိခဲ့တဲ့အပေါ် ကြီးကျယ်ခမ်းနားတဲ့အရာတစ်ခုကိုလုပ်ဆောင်ခဲ့ပြီး၊ မာလ်စီဒီးအသင်းရဲ့ နှစ် (၂၀) ကြာကာလ အတွင်းမှာ မိသားစုဝင်တစ်ဦးဖြစ်ခွင့်ရတဲ့အတွက်ကျေနပ်မိကြောင်းနဲ့ အလွန်ဝမ်းမြောက်မိပါကြောင်းပြောကြားခဲ့ ပါတယ်။ မာလ်စီဒီးအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှုရရှိခဲ့တဲ့ ဟာမီလ်တန်ဟာ တစ်နှစ်ကိုပေါင်သန်း (၄၀) အထိရရှိမှာဖြစ်တာကြောင့် ဖော်မြူလာဝမ်းကားမောင်းသမားတွေထဲမှာ လစာအများဆုံးကားမောင်းသမား ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဟာမီလ်တန်ဟာ အသင်းဖော်ဟောင်းနီကိုရော့စ်ဘတ်ရှိစဉ်ကတည်းက အသင်းရဲ့ အားထားရသူတစ်ဦးအဖြစ်ရှိခဲ့သလို၊ လက်ရှိနီကိုရော့စ်ဘတ်အနားယူသွားခဲ့ချိန်မှာလည်း ပုံမှန်စွမ်းဆောင်ရည် တွေကိုထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူဟာ (၂၀၁၈) ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲရဲ့ ဂရမ်းပရီ (၁၀) ခုပြီး ဆုံးချိန်မှာ အဇာဘိုင်ဂျန်၊ စပိန်နဲ့ ပြင်သစ်ဂရမ်းပရီပြိုင်ပွဲ (၃) ခုတို့မှာ နံပါတ် (၁) နေရာကနေပန်းဝင်ခဲ့ပြီး၊ အ မှတ်ပေးဇယားကိုဦးဆောင်နေခဲ့တဲ့ ဖာရာရီအသင်းကားမောင်းသမားဗက်တဲလ်ကတော့ သြစတြေးလျ၊ ဘာရိန်း၊ ကနေဒီယမ်နဲ့ ဗြိတိန်ဂရမ်းပရီပြိုင်ပွဲ (၄) ခုမှာ နံပါတ် (၁) နေရာကနေပန်းဝင်ထားခဲ့ပါတယ်။

 

 

Related News