(၂၀၁၈-၁၉)ဘောလုံးရာသီသစ်အတွက် ကြီးမားတဲ့ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ လီဗာပူးအသင်းဟာလက်ရှိမှာ ရိုးမားအသင်းဂိုးသမားအယ်လစ်ဆန်ကို မြင့်မားတဲ့ပြောင်းရွေ့ကြေးတစ်ရပ်နဲ့ခေါ်ယူခဲ့ပြီး အယ်လစ်ဆန်ဟာ က မ္ဘာ့တန်ကြေးအမြင့်ဆုံးဂိုးသမားအဖြစ် ရပ်တည်ခဲ့တယ်လို့သိရပါတယ်။ 

လီဗာပူးအသင်းဟာ လိုအပ်ချက်တွေရှိနေတဲ့ အသင်းဂိုးသမားနေရာတွေအတွက် ရိုးမားအသင်းမှ ဘရာဇီးဂိုး သမားအယ်လစ်ဆန်ကိုခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပြီး လက်ရှိမှာတော့ (၆)နှစ်စာချုပ်နဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။လီဗာပူးအသင်းဟာ အယ်လစ်ဆန်ကိုခေါ်ယူနိုင်ဖို့ ရိုးမားအသင်းထံကို ပြောင်းရွေ့ကြေးပေါင် (၆၆.၈)သန်းပေးချေခဲ့ရပြီး အယ်လစ်ဆန်ဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဂိုးသမားအဖြစ် မန်စီးတီးမှ အီဒါဆင်နဲ့ ဂျူဗင်တပ်ဂိုးသမားဟောင်း ဘူဖွန်တို့ကိုကျော်ဖြတ်ကာ ရပ်တည်ခဲ့ပါတယ်။ အဲလစ်ဆန်ရဲ့နောက် ဒုတိယတန် ကြေးအမြင့်ဆုံးဂိုးသမားဟာ (၂၀၁၇)နွေဈေးကွက်မှာ ပေါ်တူဂီကလပ်ဘင်ဖီကာအသင်းမှ မန်စီးတီးအသင်းထံ ကိုပြောင်းရွေ့ခဲ့တဲ့ အီဒါဆင်ဖြစ်ပြီး ပြောင်းရွေ့ကြေးပေါင်(၃၅)သန်းနဲ့ ရပ်တည်နေပါတယ်။

တတိယတန်ကြေး အမြင့်ဆုံး ဂိုးသမားကတော့ (၂၀၀၁)ခုနှစ်မှာ ပါးမားအသင်းမှ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွေ့ကြေးပေါင် (၃၂.၅)သန်းနဲ့ ပြောင်းရွေ့ခဲ့တဲ့ ဘူဖွန်ဖြစ်ပါတယ်။ အဆိုပါဂိုးသမားတွေရဲ့ နောက်မှာတော့ (၂၀၁၇)နွေဈေး ကွက်မှာ ဆန်းဒါးလန်းမှ အဲဗာတန်ကို ပေါင်(၂၅)သန်းနဲ့ပြောင်းရွေ့ခဲ့တဲ့ ဂျော်ဒန်ပစ်ဖို့၊ လက်ရှိနွေဈေးကွက်မှာ လီဗာကူဆင်အသင်းမှ အာဆင်နယ်အသင်းကို ပေါင်(၂၂.၅)သန်းနဲ့ပြောင်းရွေ့ခဲ့တဲ့ ဂိုးသမားလီနိုတို့ကအစဉ် လိုက်ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင်(၂၀၁၁)နွေရာသီအပြောင်းအရွေ့မှာ ရှော်ကေးအသင်းမှ ဘိုင်ယန်မြူးနစ်ကို ပေါင်(၁၉.၆)သန်းနဲ့ ပြောင်းရွေ့ခဲ့တဲ့နူအာ နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းမှ မန်ယူအသင်းထံကိုပေါင် (၁၈.၅)သန်းနဲ့ ပြောင်းရွေ့ခဲ့တဲ့ ဂိုးသမားဒီဂီယာတို့ဟာလည်း ကမ္ဘာ့တန်ကြေးအမြင့် ဆုံးဂိုးသမားစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

 

 

Related News