လီဗာပူးလ်အသင်းကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်အ ဖြစ် ရိုးမားနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် လာမယ့်(၂၀၁၈-၁၉)ဘောလုံးရာသီတစ်ခုလုံးကို လွဲချော်နိုင်တယ်လို့သိရပါတယ်။

ချိန်ဘာလိန်ဟာ ဧပြီလ(၂၅)ရက်နေ့က ရိုးမားအသင်းကို (၅)ဂိုး၊(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဆီ မီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်ခံစစ်ကစားသမား ကိုလာရော့ ကိုဖျက်ထုတ်ဖို့ကြိုးစားရင်း ဒူးအရွတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ ဒဏ်ရာကြောင့် ချက်ချင်းလူစားလဲခဲ့ရသလို ဆေးစစ်မှုခံယူအပြီး မှာ ဒူးအရွတ်စုတ်ပြဲသွားကြောင်း တွေ့ရှိခဲ့ရပြီး (၆)လကျော်အနားယူရနိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။

ချိန်ဘာ လိန်ဟာ အဲဒီဒဏ်ရာကြောင့်(၂၀၁၈)ကမ္ဘာ့ဖလားလည်း လွဲချော်ခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လု ပွဲမှာ ပါဝင်ကစားဖို့ ရည်မှန်းချက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ လက်ရှိမှာ ချိန်ဘာလိန်ရဲ့ ဒဏ်ရာဟာ ထင်ထား တာထက် ပိုမိုဆိုးရွားနေတာကြောင့် ကာလရှည်အနားယူရမှာဖြစ်ပြီး လာမ(၂၀၁၈-၁၉)ဘောလုံးရာသီတစ်ခု လုံးလည်းလွဲချော်သွားနိုင်တယ်လို့ နည်းပြ ဂျာဂန်ကလော့က ပြောကြားခဲ့ပါတယ်။

ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ရာသီ အစက အာဆင်နယ်အသင်းကနေလီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရောက်ရှိစက နေရာရဖို့ရုန်းကန် ခဲ့ရပေမယ့် နောက်ပိုင်းမှာ နည်းပြကလော့ရဲ့ နည်းစနစ်တွေနဲ့ အံဝင်ခွင်ကျဖြစ်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ချိန်ဘာလိန်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက်မှာ ရိုးမားအသင်းနဲ့ ချန် ပီယံလိဂ်ဒုတိယအကျော့မှာလည်း (၄)ဂိုး၊(၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ရီးယဲယ်မက်ဒရစ်အသင်းကို (၄)ဂိုး၊(၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

 

 

Related News