အိုလံပစ်ပြိုင်ပွဲတွေအတွက် ဆောက်လုပ်နေတဲ့ ဆောက် လုပ်ရေးဆိုဒ်တွေနဲ့ ကိုယ်လက်မသန်းစွမ်းသူတွေ ပြိုင်ပွဲဝင်မဲ့နေရာတွေကို လေ့လာဖို့ ဂျပန်အစိုးရကမီဒီ ယာတချို့ကိုဖိတ်ကြားခဲ့ပါတယ်။ (၂၀၂၀)ခုနှစ်မှာကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ကိုယ်လက် မသန်စွမ်းသူတွေပြိုင်ပွဲဝင်မဲ့ နေရာတွေကိုလေ့လာဖို့ ဇူလိုင်လ(၁၇)ရက်မှာဂျပန်အစိုးရက မီဒီယာတချို့ကို ဖိတ်ကြား ခဲ့ပါတယ်။

ပြိုင်ပွဲကျင်းပရာနေရာ(၄)ခုကိုအသစ်ဆောက်လုပ်ထားပြီး အဲဒီထဲမှာကိုယ်လက်မသန်စွမ်းသူတွေအတွက် အဆောက် အအုံလည်း ပါဝင်တယ်လို့သိရပါတယ်။ တိုကျိုမြို့၊ အီဒိုဂါဝါရပ်ကွက်မှာ နေထိုင်တဲ့မြို့ခံ(၁)ဦးကတော့ ဂျပန်နိုင်ငံရဲ့ပထမဆုံးက နူးလှေလှော်ကစားနည်းသင်တန်းပြုလုပ်ခဲ့ပါတယ်။ သင်တန်းပြုလုပ်နေတဲ့ နေရာဟာ အရှည်(၂၀၀)မီတာ၊ အကျယ်(၁၀)မီတာ ရှိပြီး လာမယ့်(၂၀၁၉)ခုနှစ်၊ မေလမှာအဲဒီသင်တန်းပြီးဆုံးမယ်လို့ခန့်မှန်းထားကြပါတယ်။

တိုကျိုမြို့၊ ကိုတိုရပ်ကွက်ထဲက အိုလံပစ်ရေကူးစင်တာဆောက်လုပ်ရေးလုပ်ငန်းခွင်ဟာ (၃၇)မီတာရှည်လျားပြီး တန်(၆၀၀၀)အလေးချိန်ရှိတဲ့ အမိုးတွေနဲ့တည် ဆောက်မှာဖြစ်ပြီး ရေကူးကန်(၃)ကန်ဆောက်လုပ်ဖို့ ကိုတော့ နောက်ပိုင်းမှာစတင်မှာဖြစ်သလို (၅၀) မီတာအရှည်ရှိတဲ့ရေကူး ကန်(၁)ကန်နဲ့ ဒိုင်ဗင်ရေကူးကန်(၁)ကန်ပါဝင်မှာဖြစ်ပါတယ်။

(၂၀၂၀)ခုနှစ်၊ ဖေဖော်ဝါရီလမှာ အိုလံပစ် ရေကူးစင်တာဆောက် လုပ်မှုအားလုံးပြီးစီးဖို့မျှော်မှန်းထားတယ်ဆိုပြီးNHK သတင်းဌာနကဖော်ပြပါတယ်။ တိုကျိုမြို့၊ ချောင်း ရပ်ကွက်မှာ ကိုယ်လက် မသန်စွမ်းသူတွေအတွက် အဆောက်အအုံ(၂၁)ခု ဆောက်လုပ်နေပြီး လူ(၁၈၀၀၀)လောက်ဝင် ဆံ့နိုင်မှာဖြစ်ပေမဲ့ ဆောက်လုပ်မှု ကတော့လာမယ့်(၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလမှာပြီး ဆုံးမှာဖြစ်ပါတယ်။ 

 

 

Related News