(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့ ကွင်းလယ်လူကန်တီ ဟာ မထင်မရှားကစားသမားဘ၀ကနေ ကမ္ဘာ့ဖလားချန်ပီယံဆုအထိရရှိခဲ့သည်အထိအောင်မြင်မှုတွေရရှိလာခဲ့ တယ်လို့သိရပါတယ်။  ကန်တီဟာ (၂၀၁၅) ခုနှစ်လောက်မှာမထင်မရှားကစားသမားအဖြစ်သာကျင်လည်ခဲ့ရပေမယ့်လည်း လက်ရှိ (၂၀၁၈) မှာတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုထိတွေ့ခွင့်ရရှိခဲ့သည်အထိ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်။

ကန်တီဟာ (၂၀၁၁) ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ပြင်သစ်ကလပ်အသင်းဖြစ်တဲ့ဘူ လော့နီအသင်းမှာစတင်ခဲ့ပြီး၊ (၂၀၁၃) ခုနှစ်အထိ (၂) ရာသီကြာပါဝင်ကစားခဲ့ပါတယ်။ (၂၀၁၃-၁၄) ဘောလုံး ရာသီမှာတော့ အခြားသောပြင်သစ်ကလပ်အသင်းဖြစ်တဲ့ ကိန်းအသင်းကိုပြောင်းရွှေ့ခဲ့ပြီး၊ ကိန်းအသင်းမှာ လည်း (၂) ရာသီကြာပါဝင်ခဲ့ပါတယ်။ ကန်တီဟာ (၂၀၁၁) ခုနှစ်ကနေ (၂၀၁၅) ခုနှစ်အထိ ပြင်သစ်လိဂ်ပြိုင်ပွဲ တွေမှာကျင်လည်ခဲ့ပေမယ့်လည်း အောင်မြင်မှုတွေရယူနိုင်ခြင်းမရှိခဲ့ပဲ၊ (၂၀၁၅) ခုနှစ်မှာတော့ လက်ခ်ျစတာစီး တီးအသင်းနည်းပြသစ် ရာနီရေးရီရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။

ရာနီရေးရီဟာ ကန်တီကို လက်ခ်ျစတာစီးတီး အသင်းရဲ့ကွင်းလယ်မှာ ယုံကြည်စွာနေရာပေးခဲ့သလို၊ ကစားသမားကိုယ်တိုင်ကလည်း ရာနီရေးရီရဲ့ယုံကြည်မှု ကို အပြည့်အ၀အသုံးချနိုင်ခဲ့ပါတယ်။ (၂၀၁၅-၁၆) ဘောလုံးရာသီမှာ လက်ခ်ျစတာစီးတီးအသင်းချန်ပီယံဖြစ်ခဲ့ ရာမှာ ကန်တီရဲ့စွမ်းဆောင်ရည်တွေကလည်းအဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့တာကြောင့် လက်ခ်ျစတာစီးတီးအ သင်းရဲ့ ကစားသမားအချင်းချင်းမဲပေးရွေးချယ်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။

(၂၀၁၆-၁၇) ဘောလုံးရာသီမှာတော့ ကန်တီရဲ့ကစားသမားဘ၀နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကိုပြောင်းရွှေ့ခဲ့ပြီး၊ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်မှာလည်း ခိုင်မာတဲ့နေရာတစ်နေရာကိုရယူနိုင်ခဲ့ပါတယ်။ကန်တီဟာ ချယ်လ်ဆီးအသင်းကိုပြောင်းရွှေ့ခဲ့ရာမှာလည်း ကွင်းလယ်ကနေအကောင်းမွန်ဆုံးပံ့ပိုးမှုတွေလုပ် ဆောင်ပေးနိုင်မှုတွေနဲ့အတူ ချယ်လ်ဆီးအသင်းဟာ အဆိုပါဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိ ခဲ့ပါတယ်။

ကန်တီဟာ အသင်းနှစ်သင်းနဲ့ (၂) နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိခဲ့ပြီး၊ (၂၀၁၆-၁၇) ဘောလုံးရာသီအကုန်မှာ PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေအပါအ၀င် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (၈) ဆုအထိရရှိခဲ့ပါ တယ်။  ကန်တီဟာ (၂၀၁၆) ခုနှစ်မှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့လူစာရင်းမှာစတင်ရွေးချယ်ခံခဲ့ရပြီး၊ (၂၀၁၇) ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့ပါတယ်။

 

 

 

Related News