ဘယ်လ်ဂျီယံအသင်းရဲ့လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ အွန်နရီဟာ လာမယ့် (၂၀၁၈-၁၉) ဘော လုံးရာသီသစ်မှာ အသင်းတစ်သင်းကိုနည်းပြအဖြစ်ကိုင်တွယ်ဖို့ရှိနေတာကြောင့် Sky Sports ရဲ့အားကစားဝေ ဖန်သူအဖြစ်ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းအွန်နရီဟာ လက်ရှိမှာဘယ်လ်ဂျီယံအသင်းရဲ့လက်ထောက်နည်းပြ အဖြစ်ဆောင်ရွက်နေခဲ့ပြီး၊ လာမယ့် (၂၀၁၈-၁၉) ဘောလုံးရာသီသစ်မှာတော့ ကလပ်အသင်းတစ်သင်းမှာနည်း ပြအဖြစ်တာဝန်ယူသွားဖွယ်ရှိနေတယ်လို့ကြေငြာခဲ့ပါတယ်။

အွန်နရီဟာ ကစားသမားဘ၀ကနေအနားယူချိန်မှာ အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Sky Sports အားကစားမီဒီယာမှာ ဘောလုံးဝေဖန်သူနဲ့ သုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းအွန်နရီဟာ တစ်နှစ်ကိုပေါင် (၄) သန်းရရှိနေတဲ့ အားကစားဝေ ဖန်သူရာထူးကိုစွန့်လွှတ်ကာ နည်းပြလောကကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပြီး၊ ဘယ်လ်ဂျီယံအသင်းမှာ နည်းပြမာတီ နက်ရဲ့လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေခဲ့ပါတယ်။

လက်ရှိမှာထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အွန်နရီ ဟာ Sky Sports အားကစားမီဒီယာရဲ့ တစ်နှစ်လုပ်ခပေါင် (၁၀) သန်းရရှိမယ့်အခွင့်အရေးတစ်ခုကိုငြင်းပယ်ခဲ့ ပြီး၊ ကလပ်အသင်းတစ်သင်းကိုတာဝန်ယူကိုင်တွယ်သွားဖို့အတွက် သဘောတူညီမှုရရှိထားခဲ့တယ်လို့ သတင်း တွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အွန်နရီဟာ ဗြိတိန်ကလပ်အသင်းတစ်သင်းကိုကိုင်တွယ်သွားဖို့အတွက် (၃) နှစ်စာချုပ်နဲ့ကမ်းလှမ်းမှုတစ်ရပ်ကိုလက်ခံသွားဖို့အတွက် အဆင်သင့်အနေအထားတစ်ခုမှာရှိနေခဲ့ပြီး၊ Sky Sports မီဒီယာအနေနဲ့ အွန်နရီရဲ့နေရာအတွက် ချယ်လ်ဆီးအသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန် တယ်ရီကိုအစားထိုးခန့်အပ်သွားဖွယ်ရှိနေပါတယ်။

 

 

 

Related News