စီးရီးအေကလပ်ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှူးစီရော်နယ်ဒိုကို အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုကို ပြောင်းရွှေ့ကြေးပေါင်သန်း (၁၀၀) နဲ့ (၄) နှစ်စာချုပ်ချုပ်ဆိုခဲ့ ပြီး၊ တစ်ပတ်လုပ်ခပေါင် (၅) သိန်းပေးချေသွားမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကိုယ်ပိုင် လေယာဉ်နဲ့ အီတလီနိုင်ငံ၊ တူရင်မြို့ကို ရောက်ရှိလာခဲ့ပြီး၊ လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းကိုအပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းမှာ (၉) နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက်မှာ တော့ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်လိုတာကြောင့် နယ်မြေသစ်တစ်ခုကိုပြောင်းရွှေ့သွားတာဖြစ်တယ်လို့ ပရိ သတ်တွေကိုပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ သူ့ရဲ့ Favourite Number တစ်ခုဖြစ် တဲ့ကျောနံပါတ် (၇) ကိုဝတ်ဆင်သွားမှာဖြစ်ပြီး၊ ဂျူဗင်တပ်စ်အသင်းမှာ အသက် (၃၇) နှစ်အရွယ်အထိကစား သွားဖွယ်ရှိနေပါတယ်။ စီရော်နယ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက် (၄) သင်းမြောက်အသင်းအဖြစ် ဂျူဗင် တပ်စ်အသင်းမှာကစားသွားဖို့ရှိနေပြီး၊ ယခင်ကကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်း၊ မန်ယူအသင်းနဲ့ ရီးရဲယ်လ်မက်ဒ ရစ်အသင်းတို့မှာ ပွဲစဉ်ပေါင်း (၇၆၃) ပွဲပါဝင်ကစားခဲ့ရာမှာ သွင်းဂိုးပေါင်း (၅၇၃) ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာတစ်ပတ်လုပ်ခပေါင် (၅) သိန်းရရှိမှာဖြစ်ပေမယ့်လည်း လစာ အများဆုံး ကစားသမားစာရင်းမှာတော့ နေမာနဲ့ မက်ဆီတို့ရဲ့နောက်မှာသာရပ်တည်နေတယ်လို့သိရပါတယ်။

 

 

 

Related News