ပြင်သစ်အသင်းကိုကမ္ဘာ့ဖလားချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့ နည်းပြဒက်ချမ့်အနေနဲ့ ပြိုင်ပွဲမှာစံချိန်မှတ် တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်လို့သိရပါတယ်။ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကိုချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့နည်းပြဒက်ချမ့်ဟာ (၁၉၉၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကစားသမားဘ၀အနေနဲ့ ပြင်သစ်အသင်းနဲ့အတူချန်ပီယံဆုကိုရယူနိုင်ခဲ့ ပါတယ်။ နည်းပြဒက်ချမ့်ဟာ ကစားသမားဘ၀မှာရော နည်းပြဘ၀မှာပါ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ တာကြောင့် ကစားသမားအဖြစ်ရော နည်းပြဘ၀မှာပါ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့ တတိယမြောက် နည်းပြဖြစ်လာခဲ့ပါတယ်။

ဒက်ချမ့်မတိုင်မီက အဆိုပါစံချိန်မှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ခဲ့တဲ့နည်းပြ (၂) ဦး ရှိခဲ့ပြီး၊ အဆိုပါနည်းပြတွေကတော့ မာရီယိုဇက်ဂါလိုနဲ့ ဘက်ကင်ဘောင်ဝါတို့ဖြစ်ကြပါတယ်။ မာရီယိုဇက်ဂါလို ဟာ (၁၉၅၈) ခုနှစ်နဲ့ (၁၉၆၂) ခုနှစ်တွေမှာ ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီး၊ (၁၉၇၀) ခုနှစ်မှာတော့ ဘရာဇီးလ်အသင်းကိုနည်းပြဘ၀မှာ ချန်ပီယံအဖြစ်ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးခဲ့ ပါတယ်။ ဒါ့အပြင်ဂျာမနီအသင်းနည်းပြဟောင်းဘက်ကင်ဘောင်ဝါဟာလည်း (၁၉၇၄) ခုနှစ်က အနောက်ဂျာမနီ (လက်ရှိဂျာမနီ) အသင်းနဲ့အတူ ကစားသမားဘ၀မှာချန်ပီယံဆုရယူနိုင်ခဲ့ပြီး၊ (၁၉၉၀) ခုနှစ်မှာတော့ နည်းပြဘ၀ မှာ အနောက်ဂျာမနီအသင်းကို ချန်ပီယံအဖြစ်ရပ်တည်စေခဲ့ပါတယ်။

မာရီယိုဇက်ဂါလိုနဲ့ ဘက်ကင်ဘောင်ဝါတို့ တင်ရှိထားခဲ့တဲ့စံချိန်ကောင်းတစ်ခုကို လက်ရှိမှာတော့ပြင်သစ်နည်းပြဒက်ချမ့်အနေနဲ့လိုက်မှီခဲ့ပြီး၊ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပြင်သစ်အသင်းအနေနဲ့ (၂) ကြိမ်သာရရှိထားခဲ့ရာမှာ ဒက်ချမ့်ဟာ (၂) ကြိမ်စလုံးမှာပါဝင်ပတ် သတ်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒက်ချမ့်ဟာ (၂၀၁၂) ခုနှစ်ကတည်းက ပြင်သစ်လက်ရွေးစင်အသင်းကိုစတင်ကိုင် တွယ်ခဲ့ပြီး၊ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်က ပြင်သစ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း ဗိုလ် လုပွဲအဆင့်ကိုတက်ရောက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် ဒုတိ ယဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်းလက်ရှိမှာတော့ နည်းပြဒက်ချမ့်အနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ကို ပြင်သစ်အသင်းအတွက်ရယူပေးနိုင်ခဲ့သလို၊ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ခဲ့တာကြောင့် (၂၀၁၈) ခုနှစ်ဟာ နည်းပြဒက်ချမ့်အတွက်မျက်နှာပန်းလှခဲ့တဲ့နှစ်တစ်နှစ်အဖြစ်ရှိခဲ့ပါတယ်။

 


 

Related News