ယခုနှစ်ဘောလုံးရာသီ စီးရီးအေချန်ပီယံဆုရရှိခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ဘောလုံးသမိုင်းကြောင်းတစ် လျောက်ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆုအများဆုံးရယူထားတဲ့ အသင်းအဖြစ်ရပ်တည်ခဲ့ တာဖြစ်ပါတယ်။ နိုင်ငံတကာအားကစားသတင်းအယ်ဒီတာက ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ယခုနှစ်(၂၀၁၇-၁၈)ဘောလုံးရာသီ စီးရီးအေချန်ပီယံဆုကို ပွဲစဉ်(၃၇)အပြီးမှာ ရမှတ် (၉၂)မှတ်နဲ့ရယူနိုင်ခဲ့ပြီဖြစ်ပြီး ယခုနှစ်မှာရယူနိုင်ခဲ့တာဟာ နောက်ဆုံး(၇)ရာသီဆက် စီးရီးအေချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ (၂၀၁၁-၁၂)ဘောလုံးရာသီမှစတင်ပြီး ယခုနှစ်ရာသီပြီး ဆုံးချိန်ထိ စီးရီးအေချန်ပီယံဆုကို (၇)ရာသီဆက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းကြောင်းတစ်လျောက်(၃၄) ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ စီးရီးအေချန်ပီယံဆုကို (၃၄)ကြိမ်ထိရယူနိုင်ခဲ့တာ ကြောင့် ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆုအများဆုံးရရှိထားတဲ့အသင်းအဖြစ် ရီးယဲမက်ဒရစ် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကိုကျော်ဖြတ်ပြီး ရပ်တည်ခဲ့ပါတယ်။ ရီးယဲ မက်ဒရစ်အသင်းဟာ လာလီဂါချန်ပီယံဆုကို (၃၃)ကြိမ်ရရှိထားတာဖြစ်ပြီး၊ ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက် လီဂါချန်ပီယံဆုကို (၂၈)ကြိမ်ရယူထားပါတယ်။ ဘာစီလိုနာအသင်းကတော့ လာလီဂါချန်ပီယံဆုကို ယခုနှစ်ရာ သီမှာရရှိခဲ့တာအပါအ၀င် (၂၅)ကြိမ်မြောက်ရရှိထားပြီး၊ မန်ချက်စတာယူနိုက်တက်အသင်းကတော့(၂၀၁၂-၁၃) ရာသီမှာ နောက်ဆုံးရရှိခဲ့တာအပါအ၀င် ပရီးမီးယားလိဂ်ချန်ပီယံဆုကို အကြိမ်(၂၀)ထိရရှိထားခဲ့ပါတယ်။

 

 

 

 

Related News