ဘာဆက်ခ်ဆီဟာအသင်းကွင်းလယ်လူအဒါတူရန်ဟာ ဆီဗက်စပေါ်အသင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့တဲ့တူရ ကီစူပါလိဂ်ပွဲစဉ်မှာ ဒိုင်တွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာကြောင့် (၁၆) ပွဲအထိပွဲပယ်ပြစ်ဒဏ်ကျခံရ တော့မှာဖြစ်ပါတယ်။အဒါတူရန်ဟာ ဘာစီလိုနာအသင်းမှ တူရကီကလပ်ဘာဆက်ခ်ဆီဟာအသင်းကို အငှားလာရောက် ကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့အတူအဓိကကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပါတယ်။ အဒါတူရန်အနေနဲ့ ဘာဆက်ခ်ဆီဟာအသင်းနဲ့ ဆီဗက်စပေါ်တာ အသင်းတို့ တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ တူရကီလိဂ်ပွဲစဉ် (၃၂) မှာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပဲ ဒေါသတကြီးနဲ့ ကိုယ်ထိလက်ရောက်တုံ့ပြန် မှုတွေပြုလုပ်ခဲ့တာကြောင့် လိဂ်ပွဲစဉ် (၁၆)ပွဲအထိပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာဖြစ်ပါတယ်။

သူဟာအဆို ပါပွဲစဉ်ရဲ့ ဒုတိယပိုင်းထပ်ဆောင်းအချိန်ပိုမှာ ပြိုင်ဘက်ကစားသမားရဲ့ဖျက်ထုတ်မှုကိုခံခဲ့ရပြီး လဲကျခဲ့ပေမယ့် အနားမှာရှိနေတဲ့စည်းကြပ်ဒိုင်က ဆီဗက်စပေါ်တာအသင်းဘက်ကို လက်ပစ်ဘော သတ်မှတ်ပေးခဲ့တာကြောင့် ဒေါသတကြီးနဲ့ စည်းကြပ်ဒိုင်ကို တွန်းထိုးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒိုင်တွေအပေါ် ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့တဲ့အဒါတူရန်ကို ကွင်းလယ်ဒိုင်ကချက်ချင်း အနီကဒ်ပြထုတ်ပယ်ခဲ့ပါတယ်။ အဒါတူရန်ဟာ ယခုပွဲစဉ်ကို လူစားဝင်ကစားသမားအဖြစ် သာဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန်မိနစ်(၇၀)မှာ အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူပေးနိုင် ခဲ့တဲ့တိုက်စစ်မှူးဘာဂျစ်နေရမှာ လူစားလဲဝင်ရောက် ကစားခဲ့တာလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ စည်းကြပ်ဒိုင်ကို တွန်းထိုးခဲ့မှုကြောင့်  (၁၀)ပွဲ၊ စော်ကားပြောဆိုမှုကြောင့်နဲ့ ခြိမ်းခြောက်ပြောဆိုခဲ့မှုတွေကြောင့် (၃)ပွဲစီနဲ့ စုစုပေါင်းပွဲစဉ် (၁၆)ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ အဒါတူရန်ဟာ အဆိုပါလုပ်ရပ်တွေကြောင့် ပွဲပယ် ပြစ်ဒဏ်ကျခံရမယ့်အပြင် ဒဏ်ကြေးပါပေးဆောင်ရမှာဖြစ်ပြီး တူရကီလီရာ (၃)သောင်း၊ (၉)ထောင်ပေါင်အားဖြင့် (၆၈၁၁) ပေါင် ဒဏ်ကြေးပေးဆောင်ရမှာလည်းဖြစ်ပါတယ်။ 

 

 

Related News