(၂၀၁၇)ခုနှစ်အတွက်ပေးအပ်ခဲ့တဲ့ အာဖရိကအကောင်းဆုံးကစားသမားဆု၊ ဃြ မှပေးအပ်ခဲ့တဲ့ အာဖရိက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာအ ကောင်းဆုံးကစားသမားဆုတွေကို ရရှိထားတဲ့ဆာလက်ခ်ျဟာ လက်ရှိမှာလည်းတစ်ဦးချင်းအောင်မြင်မှုဆု(၃)ခု ထပ်မံရရှိခဲ့ပါတယ်။ (၂၀၁၇-၁၈)ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးအပ်ချီးမြင့်ပွဲကို အင်္ဂ လန်နိုင်ငံ၊ လန်ဒန်မြို့မှာကျင်းပခဲ့ပြီး ဆာလက်ခ်ျဟာ တစ်ဦးချင်းဆု(၃)ခုထိရရှိခဲ့ပါတယ်။ ဆာလက်ခ်ျဟာ လီဗာ ပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ လီဗာပူးအသင်းဖော်အချင်းချင်းရွေးချယ်တဲ့ အကောင်း ဆုံးကစားသမားဆုတို့ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်သူဟာ အားကစားကလောင်ရှင်များကရွေးချယ်ပေးအပ် တဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုပါထပ်မံရရှိခဲ့ပါတယ်။

ဆာလက်ခ်ျအနေနဲ့ အဆိုပါဆု(၃)ခုအပါ အ၀င် ယခုနှစ်ဘောလုံးရာသီအတွင်း တစ်ဦးချင်းအောင်မြင်မှုဆု(၆)ခုထိရရှိထားခဲ့တာဖြစ်ပါတယ်။ ဆာလက်ခ်ျ ဟာ ယခုနှစ်ရာသီမှာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)ပွဲပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး(၃၁)ဂိုး သွင်းယူပေးထားပြီး ပြိုင်ပွဲစုံပွဲစဉ်(၅၀)မှာ သွင်းဂိုး(၄၃)ဂိုးထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဆာလက်ခ်ျ ရဲ့အသင်းဖော်ဖြစ်တဲ့ လူငယ်နောက်ခံလူ အာနိုး ကတော့ လီဗာပူးအသင်းမှပေးအပ်ခဲ့တဲ့ တစ်နှစ်တာအကောင်း ဆုံးလူငယ်ကစားသမားဆုရရှိခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကိုတော့ မန်စီး တီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှ ချန်ဘာလိန်ရဲ့သွင်းဂိုးက ရရှိခဲ့ပါတယ်။

 

 

Related News