ဂျူဗင်တပ်အသင်းကိုကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ နောက်ဆုံး(၈)ရာသီဆက် ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂျူဗင်တပ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိ ယအကျော့အိမ်ကွင်းပွဲစဉ်မှာ (၃) ဂိုး၊ (၁) ဂိုးနဲ့ရှုံးနိမ်ခဲ့ပေမယ့်လည်း အိမ်ကွင်း၊အဝေးကွင်း(၂)ကျော့ပေါင်းရလဒ် (၄)ဂိုး၊(၃)ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ယခုနှစ်ချန် ပီယံလိဂ်ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ခြင်းဟာ နောက်ဆုံးဘောလုံးရာသီ(၈)ရာသီဆက် ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲမှာ အကောင်းဆုံး စံချိန်ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာလည်း စံချိန်သစ်တစ်ခုအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် ရီးယဲလ်မက်ဒရစ်အသင်းလို အခြားမည်သည့်အသင်းမှစွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ (၂၀၁၀-၂၀၁၁) ဘောလုံးရာသီမှစတင်ကာ ယခုနှစ် (၂၀၁၇-၂၀၁၈) ရာသီအထိ (၈) ရာသီဆက်ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

(၂၀၁၀-၂၀၁၁) ရာသီမှာ စပါး၊ (၂၀၁၁-၂၀၁၂) ရာသီမှာ အေပိုးလ်နီကိုရှား၊ (၂၀၁၂-၂၀၁၃) ရာသီမှာ ဂါလာတာစာရေး၊ (၂၀၁၃-၂၀၁၄) ရာသီမှာ ဒေါ့မွန်အသင်းတို့ကို ကွာတားဖိုင်နယ်အဆင့်မှာကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့သလို (၂၀၁၄- ၂၀၁၅) ဘောလုံးရာသီ ကွာတားဖိုင်နယ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီးနောက်တစ် ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ (၂၀၁၅-၂၀၁၆) ရာသီ ကွာတားဖိုင်နယ်အဆင့်မှာ ၀ုဖ်ဘတ်အသင်းကိုကျော် ဖြတ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီ ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ကျော် ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

 

Related News