လီဗာပူးလ်အသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ တောင်ပံကစားသမားဆာလက်ဟာ လီဗာပူးလ်အသင်းရဲ့တစ်ခေတ်ဆန်းလာမယ့် ကြယ်ပွင့်ကစားသမားအဖြစ်ထင်ကြေး တွေပေး ခံနေရတယ်လို့သိရပါတယ်။လီဗာပူးလ်အသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာ ပြည်တွင်းပြိုင်ဘက် မန်စီးတီးအသင်းနဲ့တွေ့ဆုံခဲ့ပြီး၊ နှစ်ကျော့ပေါင်းရလဒ် (၅) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကိုတက် ရောက်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို (၅) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ရာမှာ လီဗာပူးလ်အသင်းအတွက် တောင် ပံကစားသမားဆာလက်ဟာ နှစ်ကျော့စလုံး ဂိုးသွင်း ယူနိုင်ခဲ့ပြီး၊ သွင်းဂိုး(၂)ဂိုးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်စစ်ပိုင်းမှာ မာနေးလ်၊ ဖာမင်နိုနဲ့ဆာလက်တို့ဟာ ယခင်ကလီဗာပူးလ် အသင်းရဲ့ တိုက်စစ်မှူးကောင်းတွေကိုမြင်ယောင်လာစေတာဖြစ်ပါတယ်။

အဆိုပါတိုက်စစ်မှူး တွေထဲမှာမှ တောင်ပံကစားသမားဆာလက်ဟာ မာနေးလ်နဲ့ ဖာမင်နိုတို့ထက် စွမ်းဆောင်ရည်ကောင်း တွေပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ မာနေးလ်ဟာ ယခုနှစ်ရာသီအစကမှ လီဗာပူးလ်အသင်း ကိုပြောင်းရွှေ့လာခဲ့ပေမယ့်လည်းအလျင်အမြန်အံဝင်ခဲ့ပြီး၊ အသင်းရဲ့ဂိုးသွင်း အများဆုံးကစားသမား အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း အတွက် ယခုနှစ်ရာသီပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၃၉) ဂိုးအထိသွင်းယူထားနိုင်ခဲ့တဲ့ ဆာလက်ကို အားကစားကျွမ်းကျင်သူတွေအနေနဲ့ ကမာ်္ဘ့အကောင်းဆုံး ဘောလုံးသမား တွေနဲ့နှိုင်းယှဉ်ခဲ့ပြီး၊ လီဗာပူးလ်အသင်းရဲ့ ပျောက်ဆုံး နေခဲ့တဲ့တိုက်စစ်ကစား ဟန်ကိုအကောင်းဆုံး ပုံဖော်နိုင်ခဲ့သူအဖြစ်လည်း တင်စားခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုလိုချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဟာ (၂၀၀၇-၀၈) ဘောလုံး ရာသီနောက်ပိုင်း ပထမဦးဆုံးအကြိမ် (၁၀)နှစ်အကြာမှပြန်လည် တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။ 

 

 

Related News