ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်ဒုတိယအကျော့ပွဲစဉ်တွေကို ဧပြီလ (၁၁) ရက်နေ့၊ ယနေ့မြန် မာစံတော်ချိန်မနက်(၁) နာရီ(၁၅)မိနစ်အချိန်မှာယှဉ်ပြိုင်ခဲ့ကြရာမှာ ဘာစီလိုနာအသင်းနဲ့ မန်စီးတီးအသင်းတို့က ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်တယ်လို့ သိရပါတယ်။ယခုနှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဒုတိယအကျော့ပွဲစဉ်တွေကို ယနေ့မနက် အစောပိုင်းမှာယှဉ်ပြိုင်ခဲ့ကြရာမှာ ဘာစီလိုနာအသင်းက ရိုးမားအသင်းကို (၃) ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့သလို၊ မန်စီးတီး အသင်းကလည်း လီဗာပူးလ်အသင်းကိုအိမ်ကွင်းမှာရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပထမအကျော့အိမ် ကွင်းပွဲစဉ်မှာ ရိုးမားအသင်းကို (၄) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အ ခြေအနေကောင်းတွေပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာတော့ (၃) ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါ တယ်။

ဘာစီလိုနာအသင်းနဲ့ ရိုးမားအသင်းတို့ဟာ နှစ်ကျော့ပေါင်းရလဒ် (၄) ဂိုးစီနဲ့သရေရလဒ်ထွက်ပေါ်ခဲ့ပေ မယ့်လည်း အဝေးဂိုးစည်းမျဉ်းအရ ရိုးမားအသင်းကဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီရဲ့ကွာတားဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းကတော့ နောက်ဆုံး (၃) ရာ သီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အခြားသောပွဲစဉ် တစ်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာလည်း ပထမအကျော့မှာအနိုင်ရရှိခဲ့တဲ့ လီဗာပူးလ် အသင်းကပဲ အဝေးကွင်းမှာ (၂) ဂိုး (၁) ဂိုးနဲ့ထပ်မံအနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၅) ဂိုး (၁) ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ (၃) ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ယခုပွဲစဉ်ကိုအပြည့်အ၀အာရုံစိုက်ခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြားသောကွာတားဖိုင်နယ်အဆင့်ဒုတိယအကျော့ပွဲစဉ် (၂) ပွဲအဖြစ် ရီးရဲယ်လ် မက်ဒရစ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆီးဗီးလားအသင်းတို့ပွဲစဉ်တွေကိုတော့ ဧပြီ လ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန်မနက် (၁) နာရီ (၁၅) မိနစ်မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 

 

 

Related News