ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးစီရော်နယ်ဒိုဟာ နောက်ဆုံးယှဉ်ပြိုင်ကစား ခဲ့တဲ့ဘောလုံး ရာသီ(၈)ရာသီဆက် ပြိုင်ပွဲစုံဂိုး(၄၀)နဲ့အထက်သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးစံချိန်တွေလည်း များစွာရရှိခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ (၂၀၁၀-၂၀၁၁)ဘောလုံးရာသီမှစတင်ကာ  နောက်ဆုံးဘောလုံးရာသီ (၈)ရာသီဆက်ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး(၄၀)နဲ့အထက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပွဲဦးထွက်ရာသီဖြစ်တဲ့(၂၀၀၉-၂၀၁၀)ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ(၃၅)ပွဲပါဝင်ကစား ခဲ့ပြီး (၃၃)ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် (၂၀၁၀-၂၀၁၁)ဘောလုံးရာသီမှာတော့ ပြိုင်ပွဲစုံ(၅၄)ပွဲမှာ (၅၃)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ (၂၀၁၁-၂၀၁၂)ဘောလုံးရာသီမှာ စီရော်နယ်ဒိုဟာ ပြိုင်ပွဲအရပ်ရပ်(၅၅)ပွဲကစားခဲ့ပြီး ဂိုး(၆၀)သွင်းယူနိုင်ခဲ့သလို (၂၀၁၂-၂၀၁၃)ဘောလုံး  ရာသီမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၅)ပွဲမှာ (၅၅)ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ (၂၀၁၃- ၂၀၁၄)ရာသီမှာတော့ (၄၇)ပွဲကစားခဲ့ပြီး (၅၁)ဂိုးသွင်း ယူနိုင်ခဲ့ကာ (၂၀၁၄-၂၀၁၅)ရာသီ ပြိုင်ပွဲစုံ(၅၄)ပွဲမှာ (၆၁) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ (၂၀၁၅-၂၀၁၆)ဘောလုံးရာသီမှာလည်း ပြိုင်ပွဲအရပ်ရပ်(၄၈) ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး (၅၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၆-၂၀၁၇)ရာသီမှာတော့ ပြိုင်ပွဲစုံ(၄၆)ပွဲမှာ (၄၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နောက်ပိုင်းဘောလုံးရာသီမှာ ရာသီတိုင်းတိုင်းလိုလို ဂိုး(၄၀)နဲ့အထက်ရယူနိုင်ခဲ့ တဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင် ပွဲစုံသွင်းဂိုး(၄၀) အမြန်ပြည့်မြောက်ခဲ့တဲ့ ပထမဦးဆုံးကစားသမားဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် (၃၇)ပွဲပါဝင်ကစားခဲ့ရာ မှာဂိုး(၄၀)အထိသွင်း ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့(၂၀၁၇)နှစ်ကုန်ပိုင်းက သွင်းဂိုးနှုန်း ကျဆင်းခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယခုနှစ်(၂၀၁၈)အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေ မှာတော့ ဂိုးသွင်းနှုန်းပြန်လည်ကောင်းမွန်လာခဲ့ပြီး ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ စီရော် နယ်ဒိုအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်(၁၀)ပွဲမှာ ဂိုး(၂၀)သွင်း ယူနိုင်ခဲ့သည်အထိခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၉)ပွဲပါဝင်ကစားခဲ့ရာမှာ (၁၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါ တယ်။

 

 

Related News