အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ ယခုနှစ်ဘောလုံးရာသီ အကုန်မှာ အသင်းကနေဒုတိယအကြိမ်မြောက်ထွက်ခွာဦးမှာ ဖြစ်တယ်လို့သိရပါတယ်။အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ (၂၀၁၄-၁၅) ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကနေ အသင်းဟောင်းအက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့ ခဲ့တာဖြစ်ပါတယ်။ အသင်းကိုပြန်လည်ရောက်ရှိချိန်မှာ တောရက်စ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းမွန်ဆုံးဦးဆောင်နိုင်ခဲ့ပြီး၊ တိုက်စစ်ပြဿနာကိုအကောင်းမွန်ဆုံး ဖြေရှင်းပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်းယခုနှစ်ဆောင်း ရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာအနေနဲ့ အသင်းကိုပြန်လည်ရောက်ရှိလာချိန်မှာ တောရက်စ်ဟာ ဦးစားပေးကစားသမားစာရင်းမှာပါဝင်နိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် နှစ်ကြိမ်တိုင်ပါဝင်ကစားခဲ့တဲ့ တောရက်စ်ဟာ အသင်းအတွက်ပွဲစဉ်ပေါင်း (၃၉၃) ပွဲအထိပါဝင်ကစားခဲ့ပြီး၊ သွင်းဂိုးပေါင်း (၁၂၆) ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါ တယ်။

သူ့အနေနဲ့ အသင်းကနေထွက်ခွာမယ့်ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး၊ တစ်ချိန်ကအခြားသောအသင်းတွေ မှာကစားခဲ့စဉ်က တစ်ချိန်မှာအသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ဆုံး ဖြတ်ခဲ့ဖူးသလို၊ အခုအချိန်မှာလည်း လာမယ့်ရာသီမှာမတူညီတဲ့အသင်းတစ်သင်းကိုပြောင်းရွှေ့ဖို့အတွက်ဆုံး ဖြတ်ခဲ့ပါတယ်။ အသက်အရွယ်ဟာအကျဘက်ကိုရောက်ရှိနေပြီဖြစ်ပေမယ့်လည်း ကစားနိုင်ပါသေးတယ်လို့ ထင်မြင်ယူဆခဲ့တာကြောင့် နေရာသစ်ကိုပြောင်းရွှေ့ဦးမှာပါလို့ပြောကြားခဲ့ပါတယ်။တောရက်စ်ဟာ အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အေစီမီလန်အသင်း တို့မှာက စားခဲ့ဖူးပြီး၊ လက်ရှိမှာပြောင်းရွှေ့မယ့်ကလပ်အသင်းကတော့ ကစားသမားဘ၀တစ်လျှောက် (၅) သင်းမြောက် ကလပ်အသင်းဖြစ်လာဖို့ရှိနေတယ်လို့သိရပါတယ်။

 

 

Related News