စီရော်နယ်ဒိုဟာ ယခု(၂၀၁၈)ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိ လာခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀) ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ လာလီဂါပွဲစဉ်(၃၁)အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး(၁၀)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့နောက်ဆုံးယှဉ်ပြိုင်ကစား ခဲ့တဲ့ပြိုင်ပွဲစုံပွဲစဉ်(၁၀)ပွဲမှာ ဂိုး(၂၀)သွင်းယူနိုင်ခဲ့သည်အထိ အသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့တာလည်းဖြစ် ပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲစုံ(၁၄)ပွဲမှာ (၂၆)ဂိုးအထိသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး ရီးယဲလ် မက်ဒရစ်အသင်းအတွက်သာမက လက်ရွေးစင်အသင်းဖြစ်တဲ့ပေါ်တူဂီအသင်းအတွက်လည်း ခြေစမ်းပွဲစဉ်(၂)ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ စီရော်နယ်ဒိုအနေနဲ့ လာလီဂါပွဲ စဉ် (၂၄) ပွဲအထိယှဉ်ပြိုင်ကစားခဲ့ရာမှာ (၂၃) ဂိုးအထိရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၉)ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာမှာ (၁၄) ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာစံချိန်သစ်များစွာရရှိခဲ့တဲ့ စီရော်နယ်ဒိုဟာ သွင်းဂိုး(၁၄)ဂိုးနဲ့ ချန်ပီယံလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးမှဦးဆောင်နေသလို လာလီဂါ ရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ (၂၉) ဂိုးသွင်းယူထားတဲ့မက်ဆီရဲ့နောက် သွင်းဂိုး (၂၃) ဂိုးနဲ့ဒုတိယ နေရာမှာရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေ ကျခဲ့တဲ့လာလီဂါပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘ၀တစ်လျှောက်သွင်းဂိုး (၆၅၀) ပြည့် မြောက်ခဲ့ပြီး သူရဲ့ကစားသမားဘ၀မှာ ကလပ်အသင်းနဲ့ (၅၆၉) ဂိုးအထိသွင်းယူနိုင်ခဲ့သလို လက်ရွေးစင်အ သင်းဖြစ်တဲ့ ပေါ်တူဂီအသင်းအတွက်လည်း (၈၁) ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

 

 

Related News