လီဗာပူးလ်ကွင်းလယ်လူအမ်မရီချန်နဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာရန်တို့ဟာ ဒဏ်ရာ ပြဿနာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။အမ်မရီချန်နဲ့မစ်ခီတာရန်တို့ဟာ သက်ဆိုင်ရာကလပ်အသင်းတွေနဲ့ ခြေစွမ်းပြကစားနေကြတဲ့ ကစားသမားတွေဖြစ်ကြပြီး ယခုလိုဒဏ်ရာပြဿနာကြောင့်ရာသီကုန်အထိ အနားယူရဖို့ရှိနေတဲ့ သတင်းဟာ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့အတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေမှာ တစ်ကျော့ပြန် အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေကြတာဖြစ်ပြီး အသင်းရဲ့ အဓိကကစားသမားတွေကို ဒဏ်ရာပြဿနာနဲ့ လက်လွှတ်ရတော့မှာဖြစ်တာကြောင့် (၂)သင်းစလုံးအတွက်အား လျော့ဖွယ်ဖြစ်ခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အထိရောက်ရှိ နေခဲ့ပြီး မန်စီးတီးအသင်းနဲ့ ပထမအကျော့ပွဲစဉ်မှာ (၃)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ် အဆင့်ကိုတက် ရောက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့သလို အာဆင်နယ်အသင်းဟာလည်း CSKA မော်စကိုအသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက် ရာခိုင်နှုန်းများနေပါတယ်။ လီဗာပူးလ် ကွင်းလယ်လူ အမ်မရီချန်ဟာ ၀က်ဖို့ဒ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)မှာ နောက်ကျော ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကစားသမား မစ်ခီတာရန်ကတော့ CSKA အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

 

 

Related News