မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)အဖြစ် မန်ချက်စတာ ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ ချန်ပီယံအိပ်မက်အတွက် နည်းပြဂွါဒီယိုလာဟာ မော်ရင်ညိုကိုကျော်ဖြတ်ရဖို့ရှိနေပါတယ်။ မန်ချက်စတာဒါဘီဟာ ဥရောပဘောလုံးလောကရဲ့ နာမည်ကြီးတဲ့ဒါဘီပွဲစဉ်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံလေ့ရှိတိုင်း ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားလေ့ရှိတာ ဖြစ်ပါတယ်။ ယခုယှဉ်ပြိုင်ကစား မယ့်ဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက်အသင်း (၂) သင်းဟာ အစဉ်အလာအတိုင်းပြိုင်ဆိုင်မှုပြင်းထန်ကြဖို့ရှိနေတဲ့အ ပြင် နည်းပြဂွါဒီယိုလာအတွက်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုအသက်သွင်းဖို့ရှိနေတာကြောင့် မော်ရင်ညို ချမှတ်မယ့်နည်းဗျူဟာတွေ ကလည်း စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟို ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်ကရောင်းထုတ်ခဲ့တဲ့ ဒီဘရိုင်းဟာ ပြိုင်ဘက်အသင်းဖြစ်တဲ့မန်စီးတီးအသင်းမှာ ပုံစံ ကောင်းကိုပြသနေခဲ့ပြီး ပြိုင်ဘက်အသင်းတွေအတွက် ထိန်းချုပ်ရခက်ခဲ့တဲ့ ကွင်းလယ်လူတစ်ဦး အဖြစ် အကောင်းဆုံးခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ မန်ယူအသင်းမှာလည်း ဂွါဒီယိုလာနဲ့ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်းဆန်းချက်ဇ်ရှိနေခဲ့ပြီး ဆရာတပည့်ဟောင်းတွေရဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည် တွေ့ဆုံနေမှုက မန်ချက်စတာဒါဘီပွဲကို ပရိသတ်တွေရဲ့စိတ်ဝင်စားမှု မြင့်တက်စေမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာခြေစွမ်းပြ ကစားနေခဲ့ပေမယ့် ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့မှာ အာဆင် နယ်အသင်းမှ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ဆန်းချက်ဇ်ကတော့ အသင်းသစ်မှာအထိုင်ကျနိုင်ဖို့ ရုန်းကန်နေ ရဆဲဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယခုမန်ယူအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာအနိုင်ရလဒ် ကိုပုံဖော်နိုင်ခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စောစီးစွာရယူနိုင်မှာဖြစ်တာကြောင့်လည်း မန်ချက်စတာဒါဘီ ပွဲစဉ်ဟာ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာဖို့ရှိနေခဲ့ပါတယ်။မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကိုတော့ ယနေ့ဧပြီလ(၇)ရက်နေ့၊ မြန်မာစံတော်ချိန်ည (၁၁) နာရီမှာ မန်စီးတီးအသင်းရဲ့ အီတီဟက်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

 

Related News